Showing posts with label ရည်မွန်ဖတ်ဖို့. Show all posts
Showing posts with label ရည်မွန်ဖတ်ဖို့. Show all posts

Mar 15, 2011

ကိုယ်အတွက် အရေးကြီးတဲ့ အရာလေးတွေ


ဘယ်တော့မှ ပြန်မရနိုင်သော အရာ(၃)မျိုး

(၁) ကုန်ဆုံးသွားသော အချိန်
(၂) ပြောပြီးသောစကား
(၃) အခွင့်အရေးကောင်းများ

တန်ဖိုးအကြီးဆုံးအရာ(၃)ခု
(၁) အချစ်
(၂) မိမိကိုယ့် မိမိယုံကြည်မူ
(၃) အခွင့်အရေးကောင်းများ

ဘယ်တော့မှ မသေချာသောအရာ(၃)မျိုး

(၁) အိပ်မက်
(၂) စိတ်ကူးရည်ရွယ်ချက်
(၃) ကံကြမ္မာ

အကောင်းဆုံးဖန်တီးနိုင်သောအရာ(၃)မျိုး


(၁) အလုပ် ကြိုးစားခြင်း
(၂) စိတ်ရင်းအမှန်ဖြင့် ကြိုးစားခြင်း ၊ ရိုးသားခြင်း
(၃) စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားခြင်း

ပျက်စီးစေသောအရာ(၃)မျိုး

(၁) အရက်သေစာ
(၂) မာနကြီးခြင်း ၊ မိမိကိုယ် မိမိ အထင်ကြီးခြင်းနှင့် ၀င့်ကြွားခြင်း
(၃) ဒေါသကြီးခြင်း

တစ်ကြိမ်ဆုံးရူံးပြီးနောက် ပြန်လည်တည်ဆောက်ရန် ခက်ခဲသောအရာ(၃)မျိုး

(၁) ရိုသေလေးစားခြင်း
(၂) ယုံကြည်စိတ်ချမှု
(၃) ခင်မင်ရင်းနှီးမှု





Mar 7, 2011

ရေကန်ထဲက ဆား

တစ်ခါတုန်းက ဥာဏ်ပညာထက်မြက်ပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ ပညာရှိကြီးတစ်ဦး ရှိပါတယ်… သူဟာ တစ်နေ့မှာတော့ အိမ်မီးလောင်ပြီး ပိုင်ဆိုင်သမျှ အရာရာကို ဆုံးရှုံးသွားလို့ စိတ်ပျက်အားလျော့စွာနဲ့ ၀မ်းနည်းပူဆွေးပြီး ငိုကြွေးနေတဲ့ လူငယ်တစ်ယောက်ဆီ ရောက်လာပါတယ်..  ပညာရှိကြီးက ထိုလူငယ်ကို ရေတစ်ဖန်ခွက် သွားယူခိုင်းပြီး ဆားတစ်ဆုပ်ကိုလဲ ယူလာခိုင်းပါတယ်.. ရေဖန်ခွက်ထဲကို ဆားတစ်ဆုပ် ထည့်လိုက်ပြီး ရောမွှေလိုက်ကာ ထိုလူငယ်ကို သောက်စေပါတယ်.. ပြီးတော့ ဘယ်လိုအရသာမျိုး ရှိသလဲလို့ မေးတဲ့အခါ ထိုလူငယ်က  “ခါးတူးနေအောင် ငံပါတယ်”. လို့ ပြန်ဖြေပါတယ်..

ဒီတော့ ပညာရှိကြီးက အသာပြုံးလိုက်ရင်း ထိုသူကို ဆားတစ်ဆုပ်ကို ယူလာခဲ့ပါလို့ ခိုင်းလိုက်ပြီး သူနဲ့အတူ လမ်းလျှောက်ဖို့ မြို့ပြင်ဘက်ကို ခေါ်လာခဲ့ပါတယ်. မြို့အပြင်ဘက်ကို လမ်းလျှောက်လာကြရင်း  အလွန် ကျယ်ပြောပြီး ကြည်လင်လှတဲ့ ရေကန်ကြီးတစ်ကန်နား ရောက်လာကြပါတယ်.. ဒီအခါမှာ ပညာရှိကြီးက ထိုလူငယ်လက်ထဲမှာ ပါလာတဲ့ ဆားတစ်ဆုပ်ကို ရေကန်ထဲ ပစ်ထည့်ခိုင်းလိုက်ပါတယ်..

ပြီးတော့ လူငယ်ကို “ကဲ အခု ကန်ထဲကို ရေကို  သောက်ကြည့်ပါဦး” လို့ ခိုင်းလိုက်တဲ့အခါ ထိုလူငယ်ကလည်း ကန်ထဲကရေကို လက်ခုပ်နဲ့ ခပ်ယူပြီး သောက်လိုက်ပါတယ်.. ပညာရှိကြီးက လူငယ် ရေသောက်ပြီးတဲ့အခါ “အခုရော ကန်ထဲက ရေက ဘယ်လိုအရသာ ရှိသလဲ” လို့ မေးလိုက်ပါတယ်.. ဒီတော့  လူငယ်က  “ လတ်ဆတ်ပြီး ချိုမြတဲ့ သောက်ရေရဲ့  နဂိုအရသာ အတိုင်းပါဘဲ” လို့ ပြန်ဖြေပါတယ်.. “စောစောတုန်းက ရေခွက်ထဲကို ဆားထည့်ပြီး သောက်လိုက်သလို ငံသေးရဲ့လား” လို့ ပြန်မေးပြန်တဲ့အခါ “ မငံတော့ပါဘူး.” လို့  လူငယ်က ပြန်ဖြေလိုက်ပါတယ်..

ဒီတော့မှ ပညာရှိကြီးဟာ လူငယ်လေးရဲ့ လက်ကို ဆုပ်ကိုင်ပြီး ပုခုံးကို အသာအယာပုတ်လိုက်ကာ “ငါတို့ဘ၀တွေရဲ့ ထိခိုက်နာကျင်မှု၊ ဆုံးရှုံးခါးသီးမှုတွေဟာ ဘာနဲ့တူသလဲဆိုရင် ဆားနဲ့တူပါတယ်.. ဘ၀မှာ ကြုံလာတဲ့ နာကျင်ဆုံးရှုံးမှုတွေကို ခံစားရတဲ့ အတိုင်းအတာဟာ မင်းက ဘယ်လိုခွက်မျိုးနဲ့ ခံယူမလဲ ဆိုတာနဲ့ဘဲ သက်ဆိုင်တယ်..  . မင်းက ခွက်သေးသေးနဲ့ ခံယူမယ်ဆိုရင် ထိခိုက်ဆုံးရှုံးမှုကို သိပ်ကို ကြီးမားတယ် လို့ မင်းထင်လိမ့်မယ်.. ရေကန်လို ကျယ်ပြောလှတဲ့ ခွက်ကြီးကြီးနဲ့ ခံယူမယ်ဆိုရင် အဲဒီဆုံးရှုံးမှု၊ စိတ်ထိ ခိုက်နာကျင်မှုတွေဟာ ဘာမှ ပြောပလောက်တဲ့ ဆုံးရှုံးမှု၊ ထိခိုက်နာကျင်မှု မဟုတ်တော့ဘူးပေါ့…”

“ဒီတော့ ဘ၀မှာ ထိခိုက်ဆုံးရှုံးမှုတွေ၊ နာကျင်ခါးသီးတာတွေ ကြုံလာတိုင်း ခွက်ကြီးကြီးနဲ့ ခံယူနိုင်အောင် ကြိုးစားပါ..  ကိုယ့်ကိုယ်ကို ဖန်ခွက်တစ်လုံး မဖြစ်စေပါနဲ့.. ရေကန်တစ်ကန်အဖြစ် ပြောင်းလဲ ကျင့်ကြံလိုက်ပါ.. ဒီလိုဆိုရင် နာကျင်ခံစားနေရတာတွေဟာ ရေကန်ထဲရောက်သွားတဲ့ ဆားတစ်ဆုပ်လို လျှော့ပါး သက်သာသွားပါလိမ့်မယ်”  လို့ ပြောလိုက်ပါတယ်..

“Stop being a glass. Become a lake.”

ဖြစ်ချင်တဲ့ရောဂါ

တစ်ခါက ဥရောပတိုက်ဘက်မှာ ဘုရင်တစ်ပါးရှိတယ်တဲ့. . . အဲဒီဘုရာဟာ သူ့ဥယာဉ်ထဲမှာ ရှိတဲ့ ပန်းပင်တွေ ၊ သစ်ပင်တွေနဲ့ စကားပြောလေ့ရှိတယ်. . . သူဟာ ဥယာဉ်ထဲရောက်တဲ့ အခါတိုင်း အပင်တွေကို အရမ်းပွင့် အရမ်းသီးခိုင်းလေ့ရှိတယ်..

တစ်နေ့မှာ သူဟာ ဥယာဉ်ကြီးထဲကို ရောက်သွားတော့ ၀က်သစ်ချပင်ကြီးဟာ ညှိုးပြီးခြောက်နေတယ်. . ဒီတော့ "ဘာဖြစ်တာလဲလို့ ဘုရင်ကြီးက မေးလိုက်တယ်. . . . ၀က်သစ်ချပင်ကြီးက "ဘယ်လိုဖြစ်ရမှာတုံး . . . ကျုပ်က ထင်းရှူးပင်ကို တုပြီး အပေါ်ကို တက်တော့ ထင်းရှူးပင်မဟုတ်လေတော့ အမြစ်အားက မခံနိုင်တော့ သေတာပေါ့ လို့ပြောတယ်. . . " ဒါနဲ့ ထင်းရှူးပင်ဆီကို သွားပြန်တော့. ထင်းရှူးပင်ကြီး ကကိုင်းပြီးကွေးကျနေတယ်. . . ဒီတော့ ထင်းရှူးပင်ကြီးက "ကျုပ်ကလည်း စပျစ်ပင်ကြီးကို အားကျ ပြီး အသီးတွေ အရမ်းသီးလိုက်တယ် . . . စပျစ်ပင် မဟုတ်လေတော့ မခံနိုင်တော့ဘဲ ခုလို အရမ်းကွေးသွားတာပေါ့လို့ . . . "ပြောတယ်. . .

အဲဒီတော့ ဘုရင်ကြီးက စပျစ်ပင်ဆီ ကိုရောက်ပြန်ရော. . စပျစ်ပင်ကြီးကလည်း သေမလိုဖြစ်နေတာကို တွေ့တော့ "ဘယ်လိုဖြစ်တာလဲဆိုတော့ . . ." "ကျုပ်က နှင်းဆီပင်ကို အားကျပြီး သူ့လိုလိုက်ပြီးပွင့်တာဗျို့. . . အဲဒီတော့ စပျစ်သီးလည်း မသီးတော့ဘူး ၊ နှင်းဆီပန်းလည်း မပွင့်တော့ဘဲ ခုလို သေလုမျောပါးဖြစ်သွားရတာပါပဲလို့. . . . "ပြောတယ်..

အဲဒီမှာ ဘုရင်ကြီးက ဆက်လျှောက်သွားတော့ အပင်လေးတစ်ပင်ကိုတွေ့တယ်. . အပင်က သိပ်မကြီးပါဘူး အရွက်ကလေးတွေ ၊ အကိုင်းအခက်ကလေးတေါ လည်း စိုစိုပြေပြေနဲ့. . . အပွင့် က ရနံ့လေးတွေလည်း သင်းပျံ့လို့. . အဲဒီအပင်ရဲ့ အမည်က Heart-Ease နှလုံးအေးချမ်းပန်းလို့ခေါ်လေ့ရှိတဲ့ အပင်ကလေးပါ. . . ဘုရင်ကြိးဟာ အဲဒီအပင်လေးကို ကြည့်ပြီး "ငါ့ရဲ့ ဦးယာဉ်တစ်ခုလုံးမှာ ရှိတဲ့ အပင်တွေ သေတာတွေ သေကုန်ပြီ အချို့လည်း သေလုမျောပါး ဖြစ်နေပြီ . . .နှလုံးအေးချမ်းရယ် မင်းကတော့ ရှင်သန်စိုပြည်နေပါလား ဘာကြောင့်လဲ လို့မေးလိုက်တယ်. . . "

အဲဒီမှာ အပင်လေးက "အသင်မင်းကြီး ကျွန်ုပ်ကို ဒီဥယာဉ်ထဲမှာ စိုက်ကတည်းက နှလုံးအေးချမ်းကို နှလုံးအေးချမ်းလိုပဲ ဖြစ်စေချင်ပုံရပါတယ်. . . . ၀က်သစ်ချပင်လို မဖြစ်စေချင်ပါဘူး . . ဒါကြောင့် ၀က်သစ်ချပင်ကိုလည်း အားမကျခဲ့ပါဘူး. . . ထင်းရှူးပင် မြင့်မြင့် ကြီးကိုလည်း အားမကျခဲ့ပါဘူး. . အသီးတွေ ပြွတ်နေအောင် သီးတဲ့ စပျစ်ပင်ကို လည်း အားမကျခဲ့ပါဘူး. . . . အပွင့်ကြီးတွေ ဝေဆာနေတဲ့ နှင်းဆီပင်ကိုလည်း အားမကျခဲ့ပါဘူး. . . နှလုံးအေးချမ်းဟာ နှလုံးအေးချမ်းလိုပဲ ရှင်သန်ခဲ့တယ်. . . . ဒါကြောင့် နှလုံးအေးချမ်းအဖြစ် နဲ့ပဲ ရှင်သန်ရပ်တည်နေနိုင်တာပေါ့ လို့. . . . " ပြောလိုက်ပါတယ်..

ဒါကြောင့်လောကကြီးမှာ ဖြစ်ချင်တာတွေများနေမယ်ဆိုရင် အပေါ်က ပုံပြင်လေးလိုပဲ ဟိုမရောက်ဒီမရောက်နဲ့ လမ်းခုလတ်မှာတင် ကိုယ်လိုရာပန်းတိုင်ကို အရောက်မလှမ်းနိုင်ပဲ. . . . လှေလှော်ရင်း လှော်တက်ကျိုးမှာ ဖြစ်ပါတယ်. . . မိမိလုပ်ချင်တဲ့အရာ၊ မိမိဖြစ်ချင်တဲ့အရာတွေကို တစ်စိုက်မတ်မတ်နဲ့. . . လုပ်သွားမယ်ဆိုရင် ကိုယ့်ရဲ့ ရည်မှန်းချက်တွေပြည့်ဝမှာ ဖြစ်ပါတယ်...

အားလုံးကိုချစ်ခင်လေးစားလျှက်...

ဧရာဝတီစာကြည့်တိုက်