လူတချို့ဟာ မွေးဖွား ကတည်းက ကုသိုလ်ကံ ကောင်းမွန်စွာ မွေးဖွား လာခဲ့ကြ ပါတယ်။ သက်သက် သာသာ နေထိုင် သွားလာ ရလို့ နုနု ဖတ်ဖတ်လေး ဖြစ်နေတယ်။ စိတ်ချမ်းသာ ရတယ်။ သွားရေး၊ လာရေး၊ စားသောက် နေထိုင်ရေးမှာ အခက်အခဲ ဆိုတာ ချိုနဲ့လားလို့ မေးရ လောက်အောင် မကြုံ တွေ့ဖူး ကြသလို အလိုရှိ တောင့်တ တာလေး တွေဟာ ပြေပြေ လည်လည် အဆင်ပြေ သွားလေ့ ရှိတာကြောင့် စိတ်ဖိစီးမှု နည်းပါး ကြရတယ်။ တချို့ ကတော့ အထက်မှာ ဖော်ပြ ခဲ့သလို ကံကြမ္မာ ဘဝ အကျိုးပေး မကောင်း ကြပေမယ့် အခက်အခဲ တွေနဲ့ ကြုံတွေ့တဲ့ အခါ စိတ်ကို အေးချမ်း တည်ငြိမ်အောင် ထားနိုင် ကြတဲ့ အတွက် စိတ်ဖိစီးမှုများ ရှိပေမယ့် ပြေလျော့ သက်သာစွာ နေထိုင် ကျင့်ကြံ နိုင်ကြ ပါတယ်။ သို့သော် လူသား အတော် များများ ကတော့ အိုမင်း ရင့်ရော် လွယ်တဲ့ စိတ်ဖိစီးမှု ဒဏ်တွေနဲ့ သဘာဝ တရားရဲ့ လောကဓံ တွေကြောင့် မျက်နှာ၊ လည်ပင်း၊ လက်ချောင်း တို့တွင် အရေး အကြောင်းများ ပေါ်ကာ ဇရာ၏ သဘာဝ အစိတ် အပိုင်း တစ်ခုကို ခံစား ရလေ့ ရှိပါတယ်။ ဒါကြောင့် အသက် အရွယ်ချင်း တူပေမယ့် နုပျိုတာချင်း မတူညီနိုင် တော့ပါ။ အဲဒီ သဘာဝ တရား၏ ဒဏ် ကို တင်းခံ နိုင်အောင် သို့မဟုတ် အရေး အကြောင်းများ ဖြစ်ပေါ် လာတာ သက်သာ စေရန် အတွက် မျက်ခွံနှင့် မျက်လုံး တစ်ဝိုက်ကို eye cream များ၊ eye contour များ၊ overnight serum များ လိမ်းပေး ခြင်းဖြင့် လည်းကောင်း၊ ကိုလေဂျင် အမျှင်ဓာတ် ထည့်ထားသော ဆေး ဝါးများ ထိုးသွင်း ခြင်းဖြင့် လည်းကောင်း၊ Facial toning ခေါ် မျက်နှာ အရေပြား တင်းတင်း ရင်းရင်း ဖြစ်အောင် အထောက်အကူ ကိရိယာ ပစ္စည်း များဖြင့် ပြုပြင် ခြင်းဖြင့် သော်လည်းကောင်း အမျိုးမျိုးသော နည်းလမ်း တွေနှင့် ဇရာကို အန်တု နိုင်အောင် ကြိုးစား လာခဲ့ကြ ပါတယ်။ မည်သို့ပင် ဖြစ်စေ ကာမူ ဖော်ပြပါ နည်းတွေ ထဲက တစ်နည်းနည်း ဖြစ်စေ၊ နှစ်နည်း သုံးနည်း ပေါင်းစပ်၍ ဖြစ်စေ ထုတ်လုပ် ထားတဲ့ အလှကုန် များကတော့ အမျိုးသမီး များအတွက် တစ်နည်း နုပျိုလှပ လိုသူများ အတွက် အမှန်တကယ် အလုပ် ဖြစ်နိုင်မှာ သေချာပါတယ်။ အောက်ပါ နည်းလမ်း ၇ မျိုး ကတော့ သင့်အား အရေး အကြောင်း နည်းပါး စေပြီး နုပျို လန်းဆန်း လှပ စေမှာ အမှန် ဖြစ်ပါတယ်။
၁။ SPF အနည်းဆုံး ၃၀ နှင့် ၇၀ ကြားရှိ Facial Moisturizer မျက်နှာလိမ်း အစို ဓာတ်ခံ ခရင်မ်ကို လိမ်းပေးပါ။ နေ့စဉ် ပုံမှန် လိမ်းပေးမယ် ဆိုပါက SPF 30 ကို လိမ်းပေးပါ။ နေပူထဲ သွား မယ့်သူ၊ ကမ်းခြေမှာ အပန်းဖြေမယ့် သူများ SPF မြင့်လေ ပိုစိတ်ချ ရလေ ဖြစ်ပါတယ်။
၂။ မျက်နှာ နေမလောင် စေရန် နေပူထဲ သွားလျှင် ထီး သို့မဟုတ် ဦးထုပ် ကြီးကြီး တစ်လုံးကို ဆောင်းပါ။ နေကာ မျက်မှန် တပ်ဖို့လည်း မမေ့ပါနှင့်။
၃။ ကမ်းခြေမှာ နေပူစာ လှုံမယ် လို့တော့ စိတ်ကူး မယဉ်ပါနှင့်။ နေရောင်ခြည်နှင့် တိုက်ရိုက် ထိတွေ့ မိပါက ခရမ်းလွန် ရောင်ခြည် ဒဏ်က သင့်ကို ဒုက္ခပေးနိုင် ပါတယ်။ အရေပြား ကင်ဆာ၊ အတွင်းတိမ် တို့ဟာ ခရမ်းလွန် ရောင်ခြည်ကြောင့် ဖြစ်ရသော ကျန်းမာရေး ပြဿနာတွေ ဖြစ်ပါတယ်။ ဒါ့အပြင် အရေး အကြောင်းများ ဖြစ်ပေါ် လာကာ အရွယ် မတိုင်မီ အိုမင်း ခြင်း ဖြစ်စေ ပါတယ်။
၎။ ဆေးလိပ် မသောက်ပါနှင့်။ ဆေးလိပ် ကလည်း နေရောင်ခြည် ပြီးရင် အသား အရေ ပျက်စီးစေတဲ့ နေရာမှာ ဒုတိယ နေရာတွင် ရှိပါတယ်။
၅။ မျက်စိများကို လက်ဖြင့် ပွတ်ခြင်း၊ ယားလို့ ကုတ်ခြင်း၊ ကြမ်းတမ်းစွာ ပွတ်ခြင်းများ လုံးဝ မလုပ် သင့်ပါ။ မျက်ခွံ တစ်ဝိုက်က အရေပြားဟာ သိပ်ပါးလွန်းတဲ့ အတွက် ပိုပြီး အရေတွန့် လွယ်၊ အရေး အကြောင်း ဖြစ်လွယ် ပါတယ်။ မျက်ခွံလေး များသို့ သွေးစီးဆင်းတာ၊ လင့်ပြန်ရည် ဆင်းတာ ကောင်းပြီး၊ မျက်ခွံ မမို့ နေစေရန် မျက်လုံး အပေါ်ဘက် တစ်ဝိုက်ကို လက်ညှိုး လေးများဖြင့် အသာ အရာ နှိပ်နယ် ပေးပါ။ အားနှင့်အင်နှင့် မဖိနှိပ်ရ။
၆။ ပက်လက် လှဲအိပ်ပါ။ ခေါင်းအုံးပေါ် မျက်နှာ အပ်ပြီး မှောက်အိပ်ရင် ကမ္ဘာ့ ဆွဲအား အတိုင်း အရည်တွေ မျက်နှာပေါ် စုလာပြီး မို့အစ် လာတတ် ပါတယ်။ ငယ်ရွယ်စဉ် မှာတော့ မသိသာ ပေမယ့် အသက် အရွယ် ရလာတဲ့ အခါ မျက်နှာ မို့အစ် နေခြင်းက အရေးအကြောင်း တွေကို ပိုပေါ်လွင် လာစေ ပါတယ်။
၇။ နှစ်စဉ် မျက်စိကို စမ်းသပ် စစ်ဆေးပါ။ မျက်စိကို စစ်ဆေး စမ်းသပ် ထားခြင်းဖြင့် အမြင် ဝေ၀ါးသည့် အန္တရာယ်များကို ကြိုတင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ မျက်မှန် ပါဝါ လိုနေတဲ့ သူတစ်ယောက်ဟာ မျက်မှန် မပါဘဲ စာဖတ်ရင် မျက်မှောင် ကုတ်၍ ဖတ်ရတဲ့ အတွက် နဖူးတွင် အရေး အကြောင်း များကို ဖြစ်ပေါ်စေ သလို မျက်လုံး တစ်ဝိုက် တွင်လည်း အရေး အကြောင်း မြန်မြန် ဖြစ်ပေါ်စေ ပါတယ်။

No comments:
Post a Comment