Apr 3, 2011

ဆံကေသာ အရောင်ဆိုးတော့

ခုခေတ် ဆယ်ကျော်သက် တွေက ဆံပင်ကို အရောင် အမျိုးမျိုး ဆိုးကြပြီး မူလ ဆံကေသာ အရောင်ထက် ပိုကြည့် ကောင်းအောင် ပြုလုပ် နေကြ ပါပြီ။ အဲလို ကာလာ အမျိုးမျိုး ဆိုးကြ ပြုကြတဲ့ ခေတ်မှာ ဆံပင် ဆံသားကို ဘယ်လို ထိန်းသိမ်း ကြမလဲ ဆိုတာနှင့် ဆောင် ရန်၊ ရှောင်ရန် အချက် များကို ဗဟုသုတ အဖြစ် ဖော်ပြလို ပါတယ်။
(၁) ကက်ဦးထုပ် (Cap) ကို အသုံးပြုပါ
ရေချိုးခန်းသုံး ဦးထုပ် (cap) တစ်ခု ဝယ်ထားပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အကယ်၍ ဆံပင်ကို အရောင် ချွတ်ထား တာပဲ ဖြစ်ဖြစ်၊ မိမိ ဆံပင် နဂို အရောင်နဲ့ အတော် ကွာခြားတဲ့ အရောင် ဆိုးထား တာပဲ ဖြစ်ဖြစ် (ဥပမာ ဆံပင် အနက်ရောင် ရှိတဲ့ သူဟာ အဝါရောင်ကို ဆိုးထား ခဲ့ရင်) အဲဒီလို လူတွေဟာ ကလိုရင်း ထည့်ထားတဲ့ ရေကူး ကန်တွင် ရေကူးခြင်း၊ ကလိုရင်း ပါဝင်သော ရေဖြင့် ခေါင်းလျှော်ခြင်းတို့ ပြုလုပ်တဲ့ အခါ ဆိုးဆေးတွေ ကျွတ်ပြီး ဆိုးထားတဲ့ ဆံပင်ဟာ အစိမ်းရောင် ကဲ့သို့သော အရောင်တွေ အဖြစ် ပြောင်းလဲ သွားတတ် ပါတယ်။ နဂို ဆံပင် ရွှေအိုရောင် ရှိသူတွေ တောင်မှ အခြား အရောင်သို့ ပြောင်းသွား နိုင်ပါတယ်။ ဒါကြောင့် ရေကူးတဲ့ အခါ ရေကူး ဦးထုပ် သို့မဟုတ် ကလိုရင်း ပါဝင်တဲ့ ရေဖြင့် ရေချိုးမယ် ဆိုရင် ရေချိုးခန်းသုံး ဦးထုပ် တွေကို အသုံးပြုသင့် ပါတယ်။ ခေါင်းလျှော်ရည် ဝယ်မယ် ဆိုရင်တောင် Antl- Chlorine Shampoo ကိုသာဝယ်ပါ။
(၂) ဟိုင်းလိုက် တင်ထား ချင်လား၊ ခပ်ကျဲကျဲလေးသာ ဖောက်ပါ
ဆံသား အနက်ရောင် ပေါ်မှာ တောက်ပ ပေါ်လွင် နေစေရန် ကြိုကြား ကြိုကြား အရောင်ဆိုး ဟိုင်းလိုက် တင်လေ့ ရှိတာ အများ အသိပါ။ ဟိုင်းလိုက် တင်ထား ခြင်းဖြင့် လူအများကြား ထဲမှာ ပေါ်လွင်ပြီး ပို၍ လှပစေ ပါတယ်။ ရွှေရောင်၊ ငွေရောင်၊ ရွှေအိုရောင်၊ ခရမ်းရောင်၊ အနီရောင် တို့ဟာ ဟိုင်းလိုက် ဖောက်လေ့ ရှိတဲ့ အရောင်တွေ ဖြစ်တယ်။ ငယ်ရွယ်တဲ့ ဆယ်ကျော် သက်လေး တွေကို ရင်ခုန် လှုပ်ရှား စေတဲ့ ဆံနွယ်လေး အရောင်တွေ ဖြစ်ပါတယ်။ ကြည့်ရ တာလည်း အဆင်ပြေတယ်။ ခပ်ကျဲကျဲ လေးသာ ဖောက်ထားတော့ ဣနြေ္ဒလည်း ရတယ်။ ကြည့်သူ မြင်သူလည်း သဘောကျ စရာ ကောင်းပါတယ်။
(၃) ဆံနီမလေးများ အတွက် Carrot Juice (ဥနီဖျော်ရည်) ကို အသုံးပြုပါ
ဆံပင် အရောင် နုနုတွေ ဖြစ်တဲ့ အနီရောင်၊ လိမ္မော်ရောင်၊ ရွှေရောင် ဆိုးထားတဲ့ ဆယ်ကျော်သက်များ အတွက် ဥနီ ဖျော်ရည်က အသင့်တော်ဆုံးပဲ ဖြစ်ပါတယ်။ ပြုလုပ်ရမယ့် နည်းလမ်း ကတော့ ရေ အနည်းငယ်နှင့် ဥနီ အချို့ကို Blender ထဲထည့်ပြီး ကြိတ်မွှေ လိုက်ပါ။ ရလာတဲ့ ဥနီ အရည်ကို ဆံပင် အနှံ့ သုတ်လိမ်း လိုက်ပြီး ၁၀ မိနစ်ခန့် ထားလိုက်ပါ။ ပြီးမှ ခေါင်းလျှော် ချလိုက်ပါ။ အဲဒီအခါ ဆံသားများ နူးညံ့ပြီး အရောင် ပိုမို ပေါ်လွင် တောက်ပ လာမှာ ဖြစ်ပါတယ်။
(၄) ရာသီ အလိုက် ဆံပင်အရောင် ပြောင်းခြင်း
တစ်ရာသီမှာ တစ်မျိုး ဆိုးလေ့ ရှိတဲ့ ခပ်ကဲကဲ... ဆယ်ကျော်သက် တွေဟာ နွေမိုးဆောင်း ရာသီ အလိုက် ကိုယ့်အကြိုက်နဲ့ ကိုယ် ဆံပင် အရောင် တစ်မျိုးပြီး တစ်မျိုး ပြောင်းဆိုးလေ့ ရှိပါ တယ်။ သို့သော် ကွာလတီ ဘယ်လောက် ကောင်းတဲ့ ဆိုးဆေးကို အသုံးပြုသင့် သလဲ ဆိုတာ ကတော့ ဆိုးပေးတဲ့ ဆိုင်မှာ အသေအချာ ညှိနှိုင်း သင့်တယ်။ ကိုယ်တိုင် ဝယ်တဲ့ ဆေးဘူး ကတော့ အမျိုးအစားကောင်း၊ မကောင်း ကိုယ်အသိဆုံး ဖြစ်နိုင် ပါတယ်။
(၅) ဆံပင်အရောင်ဆိုးသူများ သတိထားစေဖို့
ဆံပင် ကာလာ ခဏခဏ ပြောင်းသူတွေ အဖို့ ကိုယ့်ဆံနွယ် တွေကို ကြင်နာ သနား တတ်ဖို့ သတိ ပေးချင် ပါတယ်။ ဆံပင် အရောင် ချွတ်တာ၊ အရောင် ဆိုးတာ တွေဟာ ဆံသားကို ထိခိုက် ပျက်စီးစေ ပါတယ်။ အရောင် ဆိုးထားလို့ ပျက်စီး နေတဲ့ ဆံပင်တွေ ထပ်မံ မပျက်စီး စေရန် Mild Shampoo ခေါင်းလျှော်ရည် အပျော့စားကို သုံးပါ။ အာနိသင် ပြင်းသော ဆံပင် ပျော့ဆေး ကိုသာ သုံးပါ။ ဆံပင် အခြောက်ခံ (hair dryer) အသုံး မပြုပါနှင့် ရေစင်အောင် သုတ်ပြီး သူ့ဘာသာသူ ခြောက်သွား ပါစေ။
(၆) ဆံပင် ရှည်လာတဲ့ အခါ ဘာလုပ်မလဲ
ဆံပင် အရောင် ဆိုးတာ ကြာလာတာနဲ့ အမျှ အဟောင်း ဆံပင်က အဖျားမှာ ရှည်ကျ လာသလို ဆံပင် အသစ်က အရင်းမှ ရှည်ထွက် လာပြီး သိသာ လာစေ ပါတယ်။ တစ်ခု လုံးအား အသစ် ပြန်ဆိုးမယ့် အစား ဟိုင်းလိုက် ဖောက်ကြည့်ပါ။ ဒါဆိုရင် နေရောင်ခြည်နဲ့ ထိတဲ့ ဆံပင် သားလေးတွေ တောက်ပ လာသလို ဖြစ်စေကာ သဘာဝ မကျ မလှ မပ မဖြစ် စေတော့ပါ။ အသက် ရလို့ ဆံပင် ဖြူလာ သူတွေလည်း သတိထား ဆိုးပါ။ ဦးရေပြား အရင်းက အဖြူရောင် ဆံပင် များကို အဝါရောင် အနီရောင် ရွှေအိုရောင် ဆိုးပေး ခြင်းဖြင့် မသိသာ စေတော့ပါ။
(၇) ဆံပင် အလှပြင်ဆိုင် သွားရင် ဘယ်လို ပြင်ဆင်ရမလဲ
ဘာမှ ပြင်ဆင် သွားစရာ မလိုပါ။ တချို့က အိမ်က ခေါင်းလျှော်ပြီး သွားမှ ကောင်းမယ်လို့ ထင်တတ်ကြ ပါတယ်။ အမှန်တော့ ဘာမှ လုပ်စရာ မလိုပါ။ ဆိုင်မှာ ကျွမ်းကျင် သူများက လိုတာ အားလုံး လုပ်ပေးပြီး ဆေးဆိုး ပေးတာ ပိုကောင်း ပါတယ်။ လှချင်ရင်တော့ အရင်းအနှီး စိုက်ထုတ် ရမှာမို့ အဲဒါလေး ကျမှ ထည့်မတွက် သင့်ပါ။ အမှန်က ဆံပင်သား ပြုပြင်ရာမှာ အစ အဆုံး သူတို့ လက်အပ်ပါ။ သင့်ဆံသား အလှလှလေးနဲ့ စိတ်တိုင်းကျ ဖြစ်ချင်ရင်တော့ အရင်ဆုံး ဆွေးနွေး တိုင်ပင် ညှိနှိုင်းပြီး လုပ်ဆောင် ပါစေ။

No comments:

Post a Comment