Apr 3, 2011

ဝက်ခြံကင်းစင်တဲ့ မျက်နှာလေး ပိုင်ဆိုင်ဖို့

ပြုလုပ်တဲ့ နည်းကတော့-
(၁) ပထမဆုံး မျက်နှာမှာ ကပ်ငြိ နေတဲ့ အညစ်အကြေး တွေကို ရေနဲ့ သန့်စင် ပေးရ ပါတယ်။ ရေနဲ့ သန့်စင် ရာမှာ ဖော့တုံးကို ရေဆွတ်ပြီး မျက်နှာကို လိုက်လံ သုတ်ပေး တာပါ။
(၂) မိတ်ကပ် ဖျက်ဆေးနဲ့ မျက်နှာ အနှံ့ လိုက်လံ သုတ်လိမ်း ပေးပြီး ရေဆွတ် ထားတဲ့ ဖော့တုံးနဲ့ သန့်စင်ပေး ရပါတယ်။
(၃) ပြီးရင် မျက်နှာသစ် ဆေးရည်ကို မျက်နှာ အနှံ့ လိုက်လံ သုတ်လိမ်း ပေးပြီး ရေဆွတ် ထားတဲ့ ဖော့တုံးနဲ့ သန့်စင် ပေးရ ပါတယ်။
(၄) အဲဒီနောက် Surub ကို မျက်နှာ အနှံ့ လိမ်းပြီး ရေဆွတ် ထားတဲ့ ဖော့တုံးနဲ့ သန့်စင်ပေး ရပါတယ်။
(၅) ချေးချွတ် ခရင်မ်ကို မျက်နှာ အနှံ့ လိမ်းပေးပြီး ရေဆွတ်ထားတဲ့ ဖော့တုံးနဲ့ သန့်စင်ပေးရပါတယ်။
(၆) ပြီးရင်တော့ Message ဆီကို မျက်နှာအနှံ့ လိမ်းပြီး နှိပ်ပေး ရပါတယ်။ အဲဒီလို နှိပ်နေစဉ်မှာ မျက်နှာပေါ် ကနေ စက်နဲ့ ရေနွေးငွေ့ ပေးရ ပါတယ်။
(၇) အဲဒီနောက် မျက်နှာမှာ အရေး အကြောင်းတွေ ရှိရင် အရေးအကြောင်း တင်းစေတဲ့ ဆေးကို လိမ်းပေးပြီး စက်နဲ့ လိုက်ဆွဲ ပေးရ ပါတယ်။
(၈) ပြီးရင်တော့ ဆားဝက်ခြံ ရှိရင် ဆားဝက်ခြံ စုပ်တဲ့စက်၊ ရိုးရိုးဝက်ခြံ ရှိရင် ရိုးရိုးဝက်ခြံ စုပ်တဲ့ စက်နဲ့ ဝက်ခြံတွေကို လိုက်စုပ် ပေးရပါတယ်။
(၉) အဲဒီနောက် ရေဆွတ် ထားတဲ့ ဖော့တုံးနဲ့ စုပ်ထားတဲ့ ဝက်ခြံတွေကို လိုက်သုတ် ပေးရပါတယ်။
(၁၀) ပြီးရင်တော့ မျက်နှာလေး ပိုမို နူးညံ့ပြီး ပိုးသေ သွားအောင် ပေါင်းတင်တဲ့ ခရင်မ်လေး လိမ်းပြီး မိနစ် ၂၀ လောက် ထားကာ ရေနဲ့ သန့်စင်ပြီးရင် ပြီးသွားပါပြီ။

No comments:

Post a Comment