အမျိုးသမီးနဲ့ အမျိုးသား အများစုဟာ အသက် ၄၈- ၅၀ ဝန်းကျင် ရောက်တဲ့ အခါ သူတို့ရဲ့ နဖူး၊ မျက်လုံး၊ နှာတံ၊ ပါးရိုးနဲ့ နှုတ်ခမ်း ထောင့်စွန်း တစ်ဝိုက်မှာ အရေး အကြောင်း၊ အတွန့် အလိပ် တွေ ဖြစ်ပေါ် လာတတ် ပါတယ်။ အဲဒီလို အိတွဲ ကျမှုတွေ ကိုကြည့်ပြီး ထိုသူရဲ့ အသက်ကို ခန့်မှန်း နိုင်ပါတယ်။ မိမိ ကိုယ်ကို မှန်ထဲမှာ ကြည့်လိုက်တဲ့ အခါ မှာလည်း မျက်လုံး တစ်ဝိုက် အရေပြား တွေက အရေး အကြောင်း ထင်နေပြီး မျက်ကွင်း တွေလည်း ညိုနေ တာကြောင့် " ငါ တော်တော် အိုနေပြီ" လို့ မှတ်ချက် ချမိမှာ ဖြစ်ပါတယ်။ အဲဒီလို စိတ် မသက်မသာ ဖြစ်မှုမှ ကင်းဝေးပြီး မျက်လုံးတွေ နုပျို လန်းဆန်းဖို့ အတွက် အရေ ပြား ဆိုင်ရာ ကျွမ်းကျင်သူ များက အောက်ပါ အတိုင်း အကြံဥာဏ် ပေးထား ပါတယ်။ ကဲ...သူတို့ရဲ့ အကြံဥာဏ် များကို လိုက်နာ ကြည့်လိုက် ရအောင်...
(၁) လက်သူကြွယ် သုံးပြီး နှိပ်နယ်ပါ
ဘာကြောင့် လက်ညှိုးထက် လက်သူကြွယ်ကို အသုံးပြုပြီး နှိပ်နယ် သင့်တာလဲ ဆိုရင် လက်သူကြွယ်က အားပိုပျော့လို့ ဖြစ် တယ်။ မျက်စိ တစ်ဝိုက် အရေး အကြောင်း အတွန့်အလိပ် တွေကို လက်သူကြွယ်လေး သုံးပြီး ခပ်ဖွဖွလေး နှိပ်နယ် ပေးခြင်း အားဖြင့် အဲဒီနားက ကြွက်သား တွေကို ဆွဲဆန့် ပေးနိုင် ပါတယ်။ မျက်လုံး အတွင်းတွင် အောက်ခံ အရိုးမရှိတဲ့ အတွက် လက် ညှိုးနဲ့ အားရ ပါးရ နှိပ်နယ်ခြင်း မပြုလုပ်သင့် ပါဘူး။ အားပျော့တဲ့ လက်သူကြွယ် လေးနဲ့ နေ့စဉ် ခပ်ဖွဖွ နှိပ်ပေး ခြင်းဖြင့် မျက်လုံး တစ်ဝိုက်မှာ သွေးလှည့်ပတ်မှု ပိုကောင်း လာစေ သလို လင့်ပြန် ရည်ကြောမှ လင့်ရည်တွေ စီးဆင်းမှု နှေးကွေး နေတာ ကိုလည်း ပိုပြီး ကောင်းမွန် စေတဲ့ အတွက် မျက်ကွင်း ညိုခြင်း၊ မျက်ခွံ တွဲကျခြင်းနှင့် မျက်ခွံ မို့မောက်ခြင်း တို့ကို သိသာစွာ လျော့ကျ လာတယ်။ Eye Cream သို့မဟုတ် Eye Contour ခရင်မ် လေးတွေပါ လိမ်းပေးပါက ပိုမို သိသာလာမှာ ဖြစ် ပါတယ်။
(၂) ပက်လက် အိပ်ပါ
ဘာဖြစ်လို့လဲ။ ဘေးစောင်း အိပ်ရင် ဒါမှမဟုတ် မှောက်အိပ်ရင် မျက်နှာ ပေါ်ကို ဦးခေါင်း၏ ဖိအားက ခေါင်းအုံးနဲ့ မျက်နှာချင်းဆိုင် ညှပ်ဖိထား သလို ဖြစ်ပြီး မျက်လုံး ပတ်လည် တစ်ဝိုက်မှာ မို့အစ်လာ စေသလို အရေး အကြောင်းလည်း ပိုများ စေနိုင် ပါတယ်။ ပက်လက် အိပ်တဲ့အခါ မျက်နှာက အပေါ် ဘက်မှာ ရှိနေတော့ မျက်လုံး တစ်ဝိုက်မှာ အရည်တွေက (မှောက်အိပ် သလို) မစု စေတော့ပါ။
(၃) သခွားသီး အကွင်းလိုက်လှီး ဒါမှမဟုတ် အာလူးအခွံ သင်၍ ပါးပါးလှီးပြီး ကပ်ပေးပါ
ဘာဖြစ်လို့လဲ ဆိုတော့ အာလူးက အရောင်အရမ်း လျော့စေ လို့ပါပဲ။ မျက်နှာမှာ ဝက်ခြံပေါက်လို့ ဒါမှမဟုတ် မျက်နှာ အသားအရေ နီရဲတတ်တဲ့ သူတွေမှာ အာလူး အကွင်း လေးတွေ ကပ်ခြင်းဖြင့် နီရဲတာ ပျောက်စေ သလို ကသိကအောက် ဖြစ်စေ တာလည်း သက်သာစေ ပါတယ်။ ဘယ်လို လုပ်ရမလဲ ဆိုတော့ အာလူးကို အခွံ သင်ပြီး အကွင်းလိုက် လှီးပါ။ ပြီးရင် ဖောင်းအိ နေတဲ့ မျက်ခွံ တွေပေါ် အကွင်းလိုက် ၁၅ မိနစ်ခန့် တင်ထားပါ။ ဒါမှ မဟုတ်ရင်လည်း မျက်နှာပြင် အနှံ့ တင်ပေး နိုင်ပါတယ်။ သခွားသီး ဖြင့်လည်း အထက်ပါ နည်းအတိုင်း ပြုလုပ် ပေးနိုင် ပါတယ်။
No comments:
Post a Comment