ဂျင်းဘောင်းဘီနဲ့ တီရှပ်အင်္ကျီဟာ အသက် ၂၀ အရွယ်ကနေ သက်လတ်ပိုင်းတွေအထိ ရှိသင့်တဲ့ ဝတ်စုံပဲဖြစ်ပါတယ်။
လည်သာဖိနပ်ရှည်
ဒါကတော့ အေးတဲ့ရာသီတွေမှာ ဝတ်ဆင် သင့်ပြီး ဘောင်းဘီအကျပ်တွေနဲ့ လိုက်ဖက် ပါတယ်။ ခန္ဓာကိုယ်ကို ပိုပြီးပေါ်လွင် စေပါတယ်။ ဖိနပ်အရှည်ကလည်း သင်နဲ့ ကွက်တိဖြစ်ဖို့ လိုပါတယ်။ ချောင်နေရင်တော့ ဘယ်လိုမှ ဖက်ရှင် မကျနိုင်ပါဘူး။

ပဝါတစ်ထည်
အမျိုးသမီးတစ်ယောက်အတွက် နီညိုရောင်လို တောက်ပတဲ့ ပဝါတစ်ထည် တော့ လိုပါတယ်။ သင်နှစ်သက်တဲ့ အရောင်ရင့်ရင့်တစ်မျိုးကို ရွေးပြီး ဆွယ်တာအင်္ကျီနဲ့ တွဲဖက်ဝတ်ဆင်ပါ။

ဘဲလေးဖိနပ်
ဘောင်းဘီ၊ စကတ်တွေနဲ့ လိုက်ဖက်ပြီး သက်သောင့်သက်သာရှိစေတာကြောင့် တစ်ခါတလေ ဝတ်ဆင်သင့်ပါတယ်။

အဖြူရောင်ရှပ်အင်္ကျီနဲ့ မီနီစကတ်
အဖြူရောင်ရှပ် အင်္ကျီတစ်ထည်နဲ့ မီနီစကတ်တစ်ထည်ဟာ အင်တာဗျူးသွားရာမှာပဲဖြစ်ဖြစ်၊ အရေးကြီးဧည့်သည်တွေနဲ့ တွေ့ဆုံပွဲမှာပဲဖြစ်ဖြစ် သင့်ကို ပိုပြီးစမတ်ကျ နေစေတာကြောင့် ပါ။

ခါးစည်းပါတဲ့ ဂါဝန်တစ်ထည်
ပွဲတက်ရာမှာ ဝတ်ဆင်နိုင်ပြီး ခါးနေရာမှာ စည်းထားတဲ့ ဂါဝန်တွေဟာ သင့်ခါးအလှကို ပိုပြီး ပေါ်လွင်စေတာကြောင့်ပါ။

ဒေါက်မြင့်ဖိနပ်
ပွဲတက်တဲ့အခါမှာ ဒေါက်မြင့်ဖိနပ်တွေဟာ သင့်ကို အရပ်ရှည်တယ်လို့ ထင်ရစေပြီး ခြေလှမ်းတိုင်းကို ယုံကြည်မှုရှိနေစေပါတယ်။

သင်နဲ့ကွက်တိဖြစ်တဲ့ ကုတ်အင်္ကျီတစ်ထည်
ရုံးမှာ သင်နဲ့ကွက်တိဖြစ်တဲ့ ကုတ်အင်္ကျီတစ်ထည်တော့ ထားသင့်ပါတယ်။ လူကြီးလူကောင်းတွေနဲ့ တွေ့ဆုံပွဲတွေမှာ အပေါ်က ထပ်ဝတ်လိုက်ရုံနဲ့ တခြားဘာမှ ပြင်ဆင်စရာမလိုတော့ဘဲ အဆင်ပြေသွားနိုင်ပါတယ်။

No comments:
Post a Comment