Mar 20, 2011

အသုံးဝင်တဲ့ အိတ်အမျိုးမျိုး

- လည်သာအိတ်အမည်းရောင်ဟာ ဘယ်အဝတ်အစားနဲ့မဆို လိုက်ဖက်ပြီး ရိုးရှင်းတဲ့ နေ့ပွဲတွေအတွက် သင့်တော်ပါတယ်။

- လက်ကိုင်အိတ်မှာ ကျောက်တွေနဲ့ အလှဆင်ထားတာမျိုးဆိုရင်တော့ ညပွဲတွေအတွက် သင့်တော်ပါတယ်။
- ဘေးလွယ်အိတ်ရဲ့ ကြိုးအရှည်ဟာ တစ်ပေခွဲလောက်ရှိမှ သင့်အနေနဲ့ သက်သောင့်သက်သာ ဖြစ်စေမှာပါ။ တစ်ပေခွဲအောက်တိုတဲ့ လက်ကိုင်ကြိုးပါ အိတ်တွေကိုတော့ လက်ဆွဲအိတ်အနေနဲ့ အသုံးပြုပါ။
- ခရီးဆောင်အိတ်ရဲ့ အရှည်ဟာ ၂၂ လက်မလောက်ရှိသင့်ပါတယ်။ ခရီးဆောင်အိတ်အတွက်လက်ကိုင်ရယ်၊ အောက်မှာတပ်ထားတဲ့ ဘီးလုံးရယ်ဟာ ခိုင်ခံ့ဖို့လိုပါတယ်။ ဝတ်စုံ အနည်းငယ် ၁၀ စုံနဲ့ ဖိနပ်နှစ်ရန်ထည့်လို့ ရသင့်ပါတယ်။
- အကောင်းဆုံး အိတ်တစ်လုံးဖြစ်ဖို့ အိတ်ဟာ အရောင်တောက်ပဖို့ လိုပါတယ်။ အရောင်မွဲခြောက်သွားတဲ့ အိတ်ဟာခဏလေးနဲ့ ပျက်စီးတယ်လို့ ထင်ရစေပါတယ်။ သယ်ယူရတာ သက်သောင့်သက်သာ ရှိစေမယ့် ဒီဇိုင်းမျိုးရှိဖို့ လိုပါတယ်။ ပုံစံနဲ့ အရွယ်အစားဟာ မျှတဖို့လိုပါတယ်။ အိတ်ကကြီးပြီ ကြိုးသေးနေတာမျိုး မဖြစ်သင့်ပါဘူး။ လည်သာအစစ်နဲ့ လုပ်ထားတဲ့ အိတ်တွေဟာ အရောင်က ကြာရှည်ခံပြီး ကြာလေ၊ အရောင်တောက်လေလေပါပဲ။ သင့်အင်္ကျီအရောင်နဲ့ လိုက်ဖက်တဲ့ အိတ်အရောင်ကို ရွေးချယ်နိုင်သလို အမည်းရောင်၊ ခရမ်းရောင်အရင့်၊ လိမ္မော်ရောင်အရင့်တွေဟာ ဘယ်အဝတ်အစားနဲ့မဆို လိုက်ဖက်ပါတယ်။

No comments:

Post a Comment