ခါးတုတ်နေလို့ အဝတ်အစားဝတ်ရတာ အဆင်မပြေဘူးလား။ စိတ်မပူပါနဲ့။ အဝတ်အစားပုံစံက စမတ်ကျနေရင် ခါးအလှပေါ်လွင်ပြီး သင့်ခန္ဓာကိုယ်ကို သွယ်လျအချိုးကျ သွားစေပါလိမ့်မယ်။
ခါးအလှပေါ်လွင်အောင် ဝတ်ဆင်သင့်သော အဝတ်ပုံစံ
၁။ V ပုံသဏ္ဍာန်အင်္ကျီလည်ပင်းပေါက်က V ပုံသဏ္ဍာန်ရှိနေရင် သင့်ခါးကို အလိုလို သိမ်သွားစေပါတယ်။ ဒီလည်ပင်းပုံဟာ လူတွေကို ခန္ဓာကိုယ် အလယ်ပိုင်းနေရာမှ အာရုံလွှဲသွားစေပြီး ခန္ဓာကိုယ်အပေါ်ပိုင်းနေရာကို ပိုပေါ်လွင် သွားစေပါတယ်။
၂။ ရင်အောက်စည်းအင်္ကျီ
ဒီအင်္ကျီပုံစံကလည်း ခါးမရှိတာကို ဖုံးလွှမ်းသွားစေနိုင်ပါတယ်။ ဒီအင်္ကျီပုံစံကို ညနေခင်းပွဲတက်ဝတ်တဲ့ ဂါဝန်လေးတွေ၊ ဂျင်းဘောင်းဘီနဲ့ တွဲဝတ်တဲ့ အင်္ကျီ ကားကားလေးတွေအနေနဲ့ အတွေ့ရများပြီး
ခါးတုတ်နေသူတွေနဲ့ လိုက်ဖက်တဲ့ ဒီဇိုင်းတွေဖြစ်ပါတယ်။
၃။ကုတ္အက်ႌ
ကိုယ်ခန္ဓာနဲ့အံ ကိုက်ညီအောင်ချုပ်ထားတဲ့ ကုတ်အင်္ကျီအတိုနဲ့ ခါးနေရာမှာ စည်းထားတဲ့ ကုတ်အင်္ကျီအရှည်တွေကို ဝတ်ဆင်ပေးရင် လည်း ခါးအလှပေါ်လွင်စေပါတယ်။
ခါးတုတ်သူတို့ ရှောင်သင့်သော ဝတ်စားဆင်ယင်မှုများ
ခါးနေရာမှာ ဘာအဆင်၊
ဘာလိုင်းမှ မပါတဲ့ ဝတ်စုံပွပွတွေ၊ ခါးပတ်နဲ့ ခါးရှုံ့မပါတဲ့ ကုတ်အင်္ကျီတွေကိုရှောင်ဖို့ လိုပါတယ်။
No comments:
Post a Comment