တစ်ခါတစ်ရံ ဆံပင်စတိုင်ကို ဒီအတိုင်း ထားတာထက် ဦးထုပ်ဆောင်းလိုက်တဲ့ အခါမျိုးမှာ ဖက်ရှင်ပိုကျသွားတတ်ပါတယ်။ တကယ်တမ်းမှာတော့ ဦးထုပ်ဟာ ကြည့်ကောင်းစေတဲ့ အဆင်တန်ဆာမျိုး ဖြစ်ရုံသာမက နေဒဏ်၊ မိုးဒဏ်၊ အအေးဒဏ်မှ ကာကွယ်ပေးနိုင်တဲ့ အဖိုးတန်အသုံးအဆောင်တစ်မျိုးလည်း ဖြစ်ပါတယ်။
၁။ အနားကျယ်ဦးထုပ်ဝိုင်း
အနားခပ်ကားကားပါတဲ့ ဦးထုပ်တွေကို ပင်လယ်ကမ်းခြေတွေသွားတဲ့အခါ ဆောင်းသင့်ပါတယ်။ အနားကျယ်တဲ့ ဦးထုပ်ဝိုင်းတွေဟာ ဂါဝန်ကားကားလေးတွေနဲ့ လိုက်ဖက်ပါတယ်။ ရိုးရာဆန်ချင်ရင်တော့ ကမ်းခြေမှာရနိုင်တဲ့ အုန်းလက်ဦးထုပ်ဝိုင်းတွေကို ဆောင်းပေးနိုင်ပါတယ်။

၂။ မိန်းကလေးဆောင်းလျှာထိုးဦးထုပ်
ကောင်လေးတွေဆောင်းလေ့ရှိတဲ့ လျှာထိုးဦးထုပ်ပုံစံမျိုးကို မိန်းကလေးတွေကလည်း ခပ်ငိုက်ငိုက်အနေအထားမျိုးနဲ့ ဆောင်းလေ့ရှိပါတယ်။ ဂျင်းဘောင်းဘီ၊ တီရှပ်အင်္ကျီတွေနဲ့ လိုက်ဖက်ပါတယ်။ ရှေ့ဘက်မှာ လျှာထိုးပါနေတဲ့အတွက် မျက်လုံး၊ ဦးရေပြားနဲ့ မျက်နှာအစိတ်အပိုင်းတချို့ကို နေပူဒဏ်မကျရောက်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၃။ ဘယ်ရီကတ်ဦးထုပ်
တောက်ပတဲ့အရောင်တွေနဲ့လာတတ်ပြီး နူးညံ့တဲ့သိုးမွေးဦးထုပ်အမျိုးအစားပါ။ ဒီဦးထုပ်ကို ချမ်းအေးတဲ့အရပ်ဒေသတွေမှာ လောင်းကုတ်အင်္ကျီနဲ့ တွဲဖက်ဝတ်ဆင်လေ့ရှိပါတယ်။ ဒီဦးထုပ်ဟာ နဖူးအထက်နေရာကနေ စတင်ဆောင်းရပြီး မိန်းမဆန်ဆန် ကြည့်ကောင်းစေ ပါတယ်။

၎။ ကောင်းဘွိုင်ဦးထုပ်
ကောင်းဘွိုင်ဦးထုပ်အမျိုးအစားက တကယ်အသုံးကျတာထက် ဖက်ရှင်ပိုကျစေတာမျိုးပါ။ အနားကျယ်ဦးထုပ်ဝိုင်းတွေလိုပဲ ဦးခေါင်းနဲ့ နားထင်ဘေးနေရာအထိ ကပ်နေအောင် ဆောင်းရပါတယ်။ ဒီဦးထုပ်ဆောင်းတဲ့အခါ မြဲမြံနေစေဖို့အတွက် မေးသိုင်းချည်ကြိုး ပါရှိတတ်ပါတယ်။

၅။ သိုးမွေးဦးထုပ်
ဦးခေါင်းခွံနဲ့ကွက်တိဆောင်းရတဲ့ သိုးမွေးဦးထုပ်တွေက အရောင်မျိုးစုံ၊ အဆင်အသွေးမျိုးစုံနဲ့ တွေ့ရပြီး ဆောင်းရာသီမှာလို အေးမြတဲ့အချိန်တွေမှာ ဦးခေါင်းနဲ့ နားရွက်တွေကို နွေးထွေးစေပါတယ်။ ဒီဦးထုပ်မှာ အနားမပါဘဲ ဦးခေါင်းနဲ့ ကွက်တိဖြစ်နေတတ်ပါတယ်။ တချို့ဦးထုပ်ရဲ့ထိပ်ပေါ်မှာ အဖုသီးတစ်ခုနဲ့ တွဲလောင်းကျနေတဲ့ ကြိုးတစ်ခုပါတဲ့အတွက် ဆောင်းထားတဲ့အခါ ကလေးဆန်ဆန် ချစ်စရာကောင်းစေပါတယ်။

No comments:
Post a Comment