ဓာတ်ပုံရိုက်တဲ့အခါ ကြည့်ကောင်းလိုကြတာ သဘာဝပါပဲ။ အထူးသဖြင့် အဖွဲ့လိုက်ရိုက်တဲ့ ဓာတ်ပုံတွေထဲမှာဆိုရင် ကိုယ့်ပုံက သိသိသာသာ ထင်ရှားလှပနေဖို့ မိန်းကလေး တိုင်းလိုလို အားထုတ်တတ်ကြပါတယ်။ ဓာတ်ပုံရိုက်တိုင်းလှဖို့ဆိုတာ သိပ်တော့ မလွယ်ပါဘူး။ အဝတ်အစား၊ ဆံပင်နဲ့ မိတ်ကပ်အပြင်အဆင်၊ ဖိနပ်၊ လက်ဝတ်လက်စား၊ ဟန်ပန် စတာတွေ အားလုံး လိုက်လျောညီထွေရှိရှိ အဆင်ပြေနေမှသာ ဓာတ်ပုံထဲမှာ ကြည့်ကောင်းနေမှာပါ။ ဒါကြောင့် ဓာတ်ပုံရိုက်တိုင်း ကြည့်ကောင်းနေစေဖို့ သိသင့်တဲ့ အချက်တွေကို အကြံပြုလိုက် ပါတယ်။
အဆင့် (၁) အတွင်းခံအဝတ်အစား ဝတ်ဆင်တဲ့အခါ အသားရောင်လို မှိန်ဖျော့တဲ့အရာင်ကို ဝတ်ဆင်ပါ။ အသားရောင် ဘရာစီယာနဲ့ ဘောင်းဘီတွေဟာ အဝတ်အစားဝတ်ဆင်ပြီးတဲ့အခါ ဘရာစီယာနဲ့ ဘောင်းဘီလိုင်းရာတွေ ပေါ်နေတာမျိုး အတိုင်းသား ထင်းနေတာမျိုးတွေကို မဖြစ်စေပါဘူး။
အဆင့် (၂) ဓာတ်ပုံရိုက်တဲ့အခါ ဝတ်ဆင်မယ့် ဝတ်စုံကို အစမ်းဝတ်ကြည့်ပါ။ မိုးပြာရောင်နဲ့ အနက်ရောင် ဂျင်းဘောင်းဘီအတို၊ အရှည်၊ စကတ်၊ စတော့ကင် ခြေအိတ်ရှည် စတာတွေက ဘယ်အင်္ကျီအရောင်နဲ့မဆို လိုက်ဖက်ပါတယ်။ သင်ဝတ်မယ့် ဝတ်စုံက အထက်အောက် အဆင်မပြေဘူးထင်ရင် တွဲဝတ်နိုင်အောင် ဆောင်ထားသင့်တာတွေပါ။
အဆင့် (၃) ဓာတ်ပုံရိုက်တဲ့အခါ ဝတ်စုံကို အစမ်းဝတ်ကြည့်ရင်း မှန်ရှေ့မှာ စတိုင်ထုတ်ကြည့်ပါ။ အဓိကကတော့ ဘယ်လိုပြုံးရင် အလှဆုံးဖြစ်မလဲဆိုတာကို မှန်ရှေ့မှာ လေ့ကျင့်ပေးပါ။ ဓာတ်ပုံထဲမှာ ပြုံးပြုံးလေးနဲ့ ကြည့်ကောင်းနေယင် ယင်းဓာတ်ပုံ ကြည့်မိသူတိုင်းကိုပါ အလိုလို စိတ်ချမ်းသာစေနိုင်ပါတယ်။
အဆင့် (၄) လက်ဝတ်တန်ဆာ ဝတ်ဆင်တဲ့အခါ ဖန်စီပဲဖြစ်ဖြစ်၊ တန်ဖိုးရှိတာတွေပဲဖြစ်ဖြစ် အနည်းငယ်ပဲ ဝတ်သင့်ပါတယ်။ နားဆွဲ၊ လည်ဆွဲ၊ လက်ကောက်စတာတွေက ရိုးရိုးစင်းစင်းနဲ့ သေးသေးလေးတွေဆိုရင်တော့ ကြည့်ကောင်းပါတယ်။ နားပေါက် ဖောက်ထားလျက်နဲ့ နားဆွဲ၊ နားကပ်.. ဘာမှ မဝတ်ဆင်ထားရင်၊ ဆံပင်ကလည်း နားကို ဖုံးကွယ်မထားဘူးဆိုရင်တော့ ဘယ်လိုမှ ကြည့်မကောင်းနိုင်ပါဘူး။
အဆင့် (၅) သင်ဝတ်တဲ့ ဝတ်စုံနဲ့ လိုက်ဖက်နိုင်တဲ့ ဖိနပ်မျိုးကိုသာ ရွေးချယ်စီးပါ။ ရေကူးကန်ဘေးမှာ ရေကူးဝတ်စုံနဲ့ ရိုက်ရင်တော့ ခြေဗလာပဲ ဖြစ်သင့်ပါတယ်။ ဂျင်းဘောင်းဘီ၊ စတိုင်ဘောင်းဘီနဲ့ စကတ်တိုတွေ ဝတ်ထားရင်တော့ ဒေါက်ချွန်ဖိနပ်၊ ဘွတ်ဖိနပ်၊ ကြိုးသိုင်းဖိနပ် စတာတွေကို စီးသင့်ပါတယ်။
No comments:
Post a Comment