အခုခေတ်မှာ လက်သည်းနီ အရောင်ရင့်ရင့်တွေ ခေတ်စားလာပါတယ်။ အကြောင်းကတော့ လက်ချောင်းလေးတွေ ကို ပိုပြီးသိသာထင်ရှားစေရုံသာမကပဲ အသားအရေဝင်းပလာစေတာကြောင့်ပဲ ဖြစ်ပါတယ်။ လက်သည်းကို လေးထောင့်ကျကျ ပုံဖော်ပြီး လက်သည်းနီအရောင်ရင့်ရင့်ဆိုးတာဟာ အခုခေတ်စားတဲ့စတိုင်လ်ပါပဲ။ အရောင်ရင့်နဲ့ အဖြူကိုပေါင်းစပ်ပြီး လက်သည်းအကွက်ပုံဖော်တာနဲ့ အရောင်ဖျော့ဖျော့ လက်သည်းနီပေါ်မှာ ပန်းပွင့်အရောင်ရင့်ရင့်ဖော်တာတွေဟာလည်း ဆွဲဆောင်မှုရှိတဲ့ လက်သည်းအလှကို ရရှိစေပါတယ်။
ဘလူးဘယ်ရီသီးရင့်ရင့်အရောင်၊ ခရမ်းရောင်ရင့်ရင့်၊ နီညိုရောင်၊ လိမ္မော်ရောင်သန်းနေတဲ့ အနီရောင်တွေဟာ အသားအရေကို လင်းစေပါတယ်။ ဘလူးဘယ်ရီသီးအရောင်ရင့်ရင့်ဟာ လက်သည်းတိုသူတွေနဲ့ လိုက်ဖက်ပါတယ်။ ရွှေရောင်နဲ့ အနက်ရောင်ဟာ လွတ်လပ် ပျော်ရွှင်စေတဲ့အဓိပ္ပာယ်ကို ဆောင်ပါတယ်။ နီညိုရောင်ဟာ ဂျင်းဝတ်စုံ၊ အနီရောင် ဂါဝန်တိုလေးတွေနဲ့ လိုက်ဖက်တဲ့အရောင်ပါ။
No comments:
Post a Comment