အဝတ်အစား ရွေးချယ်မှု မှန်ကန်မှသာ သင်ရဲ့ဖက်ရှင်ပေါ်လွင်မှာပါ။ သင့်ခန္ဓာကိုယ်ကို ပိုပြီးပိန်တယ်၊ သွယ်လျနေစေတယ်လို့ ထင်ရစေမယ့် အင်္ကျီပုံစံတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ V ပုံသဏ္ဌာန်လည်ပင်း
သင့်မျက်လုံးနဲ့ကြည့်လို့ အလယ်တည့်တည့် မှာ V ပုံသဏ္ဌာန်ဖြစ်နေတဲ့ လည်ပင်းပေါက် ဟာ သင့်လည်ပင်းတွေကို ဆွဲဆောင်မှု ရှိစေပြီး ပိုပြီးပိန်သွယ်တယ်လို့ ထင်ရစေပါတယ်။

၂။ အနက်နဲ့အရောင်မှိုင်း
အနက်ရောင်ဝမ်းဆက်နဲ့ ဒေါင်လိုက်အစင်းနဲ့ လိုင်းပါတဲ့ဝတ်စုံတွေဟာ သင့်ကို ပိုပြီးပိန်သွားတယ်လို့ ထင်ရစေပါတယ်။

၃။ ဒေါက်မြင့်ဖိနပ်
သင့်ခန္ဓာကိုယ်ကို ဟန်ချက်ညီစေပြီး စမတ်ကျတဲ့ ဒေါက်မြင့်ဖိနပ်ဟာ လမ်းလျှောက်ရာမှာ ကြည့်ကောင်းစေရုံ မကဘဲ သင့်ကို ပိန်သွယ်ပြီး အရပ်ရှည် သွားစေပါတယ်။

၎။ ဒေါင်လိုက်စင်း
ဒေါင်လိုက်အစင်းပါတဲ့ မီနီစကတ်နဲ့ ဘောင်းဘီတိုတွေဟာ သင့်တင်ပါးနဲ့ ပေါင်တံနေရာကို အပြည့်ဖုံးအုပ်ထားပြီး ခြေထောက်သွယ်တယ်လို့ ထင်ရစေပါတယ်။

၅။ ကွက်တိဖြစ်တဲ့ဘောင်းဘီ
အရမ်းတိုလွန်းတဲ့ဘောင်းဘီနဲ့ အရမ်းရှည်လွန်းတဲ့ ဘောင်းဘီတွေဟာ သင့်ကိုကြည့်ရဆိုးစေပါတယ်။ ဘောင်းဘီရွေးရာမှာ သင့်အရပ်နဲ့ သင့်တော်တဲ့ အရှည်၊ တင်ပါးနဲ့ ပေါင်တံတွေကို အဓိကတိုင်းပြီး ရွေးချယ်ပါ။ ရှည်လွန်းတဲ့ဘောင်းဘီတွေကို မနှမြောဘဲ သင်နဲ့ကွက်တိဖြစ်အောင် ညှပ်ထုတ်ပစ်ပါ။ ခွကျနေတဲ့ ဘောင်းဘီရှည်ဟာ သင့်ကို ဝပြီးအရပ်ပုတယ်လို့ ထင်ရစေပါတယ်။

မှတ်ချက်
တင်ပါးဖုံးတဲ့ ဂျာကင်အင်္ကျီဝတ်ဆင်တာ၊ ဘောင်းဘီရှည်ကို ဒေါက်ဖိနပ်နဲ့ ဝတ်ဆင်တာ၊ အဝတ်အစားပွပွတွေကိုရှောင်ပြီး သင်နဲ့ကွက်တိကျစေမယ့် ဝတ်စုံကို ဝတ်ဆင်တာမျိုး တွေဟာ သင့်ကို ပိန်သွယ်တယ်ထင်ရစေပါတယ်။

No comments:
Post a Comment