ခါးအဆီ ကျစေသော လေ့ကျင့်ခန်း များသည် ဝမ်းဗိုက်နှင့် ခါး ပတ်ဝန်းကျင်ရှိ အဆီပို များကို ကျစေပြီး လေ့ကျင့် သူကို ခါးသေး ရင်ချီ ဖြစ်စေကာ ခန္ဓာကိုယ် အချိုးအစား ကိုလည်း ပြေပြစ် လှပ စေသည်။ ဤလေ့ကျင့်ခန်း များကို နေ့စဉ် မှန်မှန် ပြုလုပ် သင့်သည်။ အမျိုးသား အမျိုးသမီး၊ လူကြီး လူငယ် အရွယ် မရွေး လေ့ကျင့် နိုင်သည်။ အစာ စားပြီး ၂ နာရီ ခွာ၍ လေ့ကျင့်ပါ။
လေ့ကျင့်ခန်း (၁)
ခုံတန်းတို ပေါ်တွင် ပုံတွင် ပြထားသည့် အတိုင်း ခန္ဓာကိုယ်ကို မတ်မတ် ထား၍ ထိုင်ပါ။ သံချောင်း အရှည်ကို ပခုံးပေါ် တင်ပြီး လက်နှစ်ဖက်ကို သံချောင်း ပေါ်တွင် ဆန့်၍ တင်ထားပါ။ ထို့နောက် လက်ကို အရှေ့ အနောက် တစ်တန်းတည်း ကျအောင် ခါးကို လှည့်ပါ။ မျက်နှာကို ရှေ့ တည့်တည့်သို့ မူထားပါ။ ဘယ်ညာ တစ်လှည့်စီ လေ့ကျင့်ပါ။ မိမိ လေ့ကျင့်နိုင် သလောက် လေ့ကျင့်ပါ။ အကြိမ်ရေ များလေလေ အဆီပို၍ ကျလေလေ ဖြစ်သည်။
အကျိုးကျေးဇူး
ခါးဘေးရှိ အဆီ များကို ကျစေသည်။
လေ့ကျင့်ခန်း (၂)
မိမိ လေ့ကျင့် နိုင်လောက်သော အလေး ၂ တုံးကို လက် တစ်ဖက်စီတွင် ကိုင်၍ ပုံတွင် ပြထားသည့် အတိုင်း ခန္ဓာကိုယ်ကို မတ်မတ် ရပ်ပါ။ လက်နှစ် ဖက်ကို ဆန့်တန်း၍ ပေါင်၏ ဘေးတွင် ကပ်လျက် ထားပါ။ ဦးခေါင်းကို တည့်တည့် ထားပြီး ခါး၏ အားကို ယူ၍ ခန္ဓာကိုယ်ကို ဘေးဘက်သို့ ရသလောက် ကွေးချပါ။ အလေးကိုင် ထားသော လက်ကို မကွေးဘဲ လက်၏ အနေအထား ကိုလည်း ခန္ဓာကိုယ်နှင့် ကပ်လျက် ရှိရမည်။ ဘယ်ညာ တစ်လှည့်စီ ခါးကွေး ၍ လေ့ကျင့်ပါ (ဘယ်ညာ လေ့ကျင့်စဉ်တွင် အလယ်၌ ရပ်တန့် မနေရပါ)။ မိမိ လေ့ကျင့် နိုင်သလောက် လေ့ကျင့်ပါ။ အကြိမ်ရေ များလေလေ အဆီ ပို၍ ကျလေလေ ဖြစ်သည်။
အကျိုးကျေးဇူး
ခါးဘေးရှိ အဆီ များကို ကျစေသည်။
လေ့ကျင့်ခန်း (၃)
ပုံတွင် ပြထားသည့် အတိုင်း လေ့ကျင့်ခုံ ပေါ်တွင် ဘေးတစောင်း အနေ အထားဖြင့် မတ်မတ် လှဲပါ။ လက် တစ်ဖက်ဖြင့် ခါးကို ကိုင်၍ ကျန်လက် တစ်ဖက်ဖြင့် ဦးခေါင်း နောက်ကို ကိုင်ပါ။ ပြီး လျှင် ခါးအားကို ယူ၍ ခန္ဓာကိုယ်ကို အပေါ် ဘက်သို့ ကွေးတင်ပါ။ ဦးခေါင်းကို တည့်တည့် ထားပါ။ ပြီးလျှင် မူလ အနေ အထား အတိုင်း ဖြည်းဖြည်းချင်း ပြန်လှဲပါ။ ဘယ်ညာ တစ်လှည့်စီ ပြောင်း၍ လေ့ကျင့်ပါ။ မိမိ လေ့ကျင့် နိုင် သလောက် လေ့ကျင့်ပါ။ အကြိမ်ရေများ လေလေ အဆီ ပို၍ ကျလေလေ ဖြစ်သည်။

No comments:
Post a Comment