အပေါ်ပိုင်း အဝတ်အစားလိုက်အောင် ဝတ်နည်း
အောက်က စကတ်အတိုဆိုရင် အပေါ်က လက်ရှည်၊ အောက်က စကတ်အရှည်ဆိုရင် အပေါ်က လက်တို ဝတ်ပေးရပါမယ်။ စကတ်အတိုဝတ်ရင် ကျန်တဲ့တွဲဖက် ပစ္စည်းများ၊ အပေါ်ပိုင်း အဝတ်အစားတွေကို ယဉ်ယဉ်လေး ဝတ်ပေးပါ။
Classic Style ပစ္စည်းများများ သုံးပေးပါ။ ကျန်တဲ့ အဝတ်အစားကို ရိုးရိုးယဉ်ယဉ်လေး ဝတ်ပေးပါ။ အောက်ပိုင်းဟာ ဖော်နေပြီးသား ဖြစ်တဲ့အတွက် အပေါ်ပိုင်း အဝတ်အစားကိုပါ ထပ်ဖော်မယ်ဆိုရင် သိပ်ပြီး သဘောကောင်း လွန်းရာ ကျသွားပါလိမ့်မယ်။ တန်ဖိုးလျှော့ လွန်းရာ ကျသွားပါလိမ့်မယ်။
ဖက်ရှင်စည်းမျဉ်းအရ အပေါ်ဖော်ရင် အောက်ဖုံး၊ အောက်ဖော်ရင် အပေါ်ဖုံး ဆိုတဲ့အတိုင်း စကတ်အတိုဝတ်ရင် အပေါ်ပိုင်းကို ဖုံးဖုံးဖိဖိလေး ဝတ်ပေးပါ။
ဖိနပ်အရွေး မှန်စေဖို့
စကတ်ဝတ်တဲ့အခါ ဖက်ရှင်ကျအောင် စီးတဲ့ဖိနပ်ဟာလည်း လိုက်ဖက်မှု ရှိရပါမယ်။ ဖိနပ်ဦးချွန်ဟာ စကတ်အတိုနဲ့ လိုက်ဖက်မှု ရှိပါတယ်။ ဘု(တ်)အပြားတွေလည်း စကတ် နဲ့လိုက်ပါတယ်။ အတို၊ အရှည်ကတော့ ကိုယ့်အရပ်နဲ့ ချိန်ပြီး ဝတ်ရမှာ ဖြစ်ပါတယ်။
ဒေါက်မြင့်ဖိနပ်ဟာလည်း ရွေးချယ်စီးနင်း သင့်တဲ့ ဖိနပ်အမျိုးအစားပါပဲ။ ကိုယ့်အရပ်နဲ့ လိုက်တဲ့ ဒေါက်အနိမ့်အမြင့်ကိုတော့ ရွေးချယ် ပေးဖို့လိုလိမ့်မယ်။ သိပ်အမြင့်ကြီး မစီးသင့်ဘူး။
ခါးစည်း ရင်စည်း မှန်စေဖို့
အခုခေတ် မိန်းကလေးတွေ အတော်များများ ခါးစည်း၊ ရင်စည်းတွေ ဝတ်လာကြပါတယ်။ ခါးပတ် အကြီးကြီးတွေ ဝတ်လာကြပါတယ်။ တချို့ ကိုယ်နဲ့တော်သည် မတော်သည် မသိဘဲ သူများဝတ်လို့ လိုက်ဝတ်တာတွေ တွေ့နေရပါတယ်။ စကတ်ဝတ်တဲ့အခါ ခါးသေးရင်ချီတဲ့ မိန်းမတွေဟာ တခြား မိန်းမတွေထက် ပိုပြီးတော့ ကံထူးပါတယ်။ ခါးသေးတဲ့သူတွေဟာ ခါးစည်းကို သေးသေးပဲ စည်းသင့်ပါတယ်။
ခါးတိုတဲ့သူတွေလည်း အလားတူ ခါးစည်းကို သေးသေးပဲ ဝတ်သင့်ပါတယ်။ ခါးရှည်၊ ခါးကြီးတဲသူတွေ အတွက်ကတော့ ခါးစည်းကို ကြီးကြီးလေးဝတ်သင့်တယ်။
သတိပြုရမည့် အချက်များ
၁။ စကတ်တိုဟာ ငယ်ရွယ်နုပျိုသူတွေနဲ့သာ လိုက်ဖက်တဲ့ ဝတ်စားတန်ဆာတစ်မျိုး ဖြစ်ပါတယ်။ အသက်ကြီးရင့်သူများနဲ့ ရာထူးနေရာကြီးသူများအနေနဲ့ ဝတ်ဆင်မယ်ဆိုရင် မိမိအဆင့်အတန်း၊ ဂုဏ်သိက္ခာတို့ လျော့ပါးစေပါတယ်။ (နှစ်ဆယ်ကျော်သူများ စကတ်ကို တအား အတိုကြီး မဝတ်သင့်ပါ)
၂။ မီနီစကတ်တွေဟာ ထိုင်လိုက်ရင်ပိုပြီးတော့ တိုကျုံ့သွားပါတယ်။ သတိထားပါ။ ပတ်ဝန်းကျင်က သာဓုပါတော်ခေါ်ဖို့ အသင့်ပြင်နေတဲ့ ပုရိသတွေကို စက္ခုအလှူပေးသလို မဖြစ်စေပါနဲ့။
၃။ မီနီစကတ်ဟာ လူတိုင်းနဲ့ မလိုက်ပါဘူး။ တချို့ ခန္ဓာကိုယ်အမျိုးအစားတွေနဲ့ လုံးဝလိုက်ဖက်ခြင်း မရှိပါဘူး။ ဒါကြောင့်မလိုက်တဲ့ အဝတ်အစားကို ဝတ်မိမယ်ဆိုရင် ကိုယ့်ရဲ့ရှိတဲ့အလှတောင် ငုပ်သွားနိုင်ပါတယ်။ သတိပြုပါ။
၎။ လေပြင်းတိုက်တဲ့နေ့တွေဆို သတိထားပါ။ သတိတစ်ချက်အလစ်မှာ လေတစ်ချက်ဝှေ့ သွားလို့ကတော့ အသည်းယားစရာတွေ ဖြစ်လာနိုင်ပါတယ်။
၅။ မီနီစကတ်ဝယ်တဲ့အခါမှာ ကိုယ်လိုချင်တဲ့အတိုအနေအထားကို ဒီလိုရွေးယူပါ။ ကိုယ့်လက်နဲ့ထိတဲ့ ပေါင်အနေအထားအထိ အတိုအရွယ်အစားကို ရွေးပါ။ နောက်ပြီး စကတ်ကိုထိုင်ပြီး ဝတ်ကြည့်ပါ။ အပေါ်က ပြောထားတဲ့အတိုင်း မီနီ စကတ်တွေဟာ ထိုင်လိုက်ရင် ပိုပြီးတော့ တိုသွားတတ်ပါတယ်။ ဒီတော့ ထိုင်လိုက်မှ တိုသွားတဲ့ မီနီ စကတ်အနေအထားဟာ ကိုယ့်စိတ်အနေအထားနဲ့ သင့်တော်ခြင်း ရှိ၊ မရှိ ဆန်းစစ်ပေးပါ။ နို့်မို့ဆို ဝယ်ပြီးမှ ထိုင်လိုက်တိုင်း ထိုင်မရ ဖြစ်နေပါလိမ့်မယ်။
၆။ ပေါင်တံ အပြစ်အနာအဆာရှိရင်ပဲဖြစ်ဖြစ်၊ ပေါင်တံပေါ်မှာ ရှက်လို့ပဲဖြစ်ဖြစ် စတော့ကင်း ဝတ်နိုင်ပါတယ်။
၇။ စကတ်အတိုဝတ်ကျင့် မရှိရင် အပြင်ကို ဝတ်ပြီးမထွက်ခင် အိမ်ထဲမှာ အရင်ဝတ်ပြီး စမ်းကြည့်ပါ။
၈။ မီနီစကတ်ဟာ ဒူးအထက်သုံးလက်မထက် ပိုပြီးမတိုသင့်ပါဘူး။ သိပ်တိုလွန်းရင် မိန်းမကောင်း ဣနြေ္ဒလျော့ပါးနိုင်ပါတဲ့ အန္တရာယ်ရှိပါတယ်။ တချို့ကတော့ ၆-၇ လက်မထက်ပိုပြီးမတိုသင့်ဘူးလို့ အဆိုပြုကြပါတယ်။
၉။ ဒူးချိတ်ပြီး မထိုင်ပါနဲ့။ ဒူးကိုစေ့ပြီးထိုင်ပါ။ ဘယ်အချိန်ပဲထိုင်ထိုင် ဒူးကိုစေ့နေအောင် ထားပြီး ထိုင်ဖို့ လိုပါတယ်။
၁၀။ ပစ္စည်းကောက်တာပဲဖြစ်ဖြစ်၊ အောက်ငုံ့တော့မယ်ဆိုရင် ထိုင်ချလိုက်ပါ။ ခါးကုန်းပြီး မကောက်ပါနဲ့။
၁၁။ ကားထဲဝင်တာပဲဖြစ်ဖြစ်၊ ကားပေါ်တက်တာပဲဖြစ်ဖြစ် စကတ်တိုဝတ်ထားတဲ့ သူတွေဟာ အတက်ရအင်မတန်ခက်ပါတယ်။ ဒီအချိန်ဟာ ဘေးပတ်ဝန်းကျင်က အာရုံတွေစိုက်တဲ့ အချိန်လည်းဖြစ်ပါတယ်။ ကားထဲဝင်တော့မယ်ဆိုရင် အရင်ဆုံး ဘေးစောင်းထိုင်ချပြီး ခြေကို အပြင်မှာပဲထားပါ။ ပြီးမှ ခြေကို ကားထဲသွင်းယူပါ။ ကားထဲကထွက်ရင်လည်း အဲဒီအတိုင်းပဲထွက်ပါ။ ကားပေါ်မှာလည်း ဒူးကိုစေ့ပြီးထိုင်ပါ။
၁၂။ စကတ်ကို အပေါစား မဝယ်ပါနဲ့။ သိပ်အရေးကြီးပါတယ်။
၁၃။ စကတ်ဝတ်ရင် ရင်ကိုချီထားပါ။ မျက်နှက်ကိုမော့ထားပါ။ လက်နှစ်ဖက်ကို ဘေးနှစ်ဖက်ချထားပါ။
၁၄။ စကတ်အတိုမှာ အတိုထက်အကျယ်ဟာ ပိုကျယ်နေရင် မဝတ်တာကောင်းပါတယ်။
No comments:
Post a Comment