စိတ်ကို ဘယ်လို ပြုပြင် ပြောင်းလဲရမလဲHow to change your mindset
ကိုယ့်စိတ်ကို နိုင်မယ်ဆိုရင် အ၀လျော့မယ့် ဆုံးဖြတ်ချက်တွေကို ဖျက်ဆီးနိုင်တဲ့ ကိစ္စတွေကို အလွယ်တကူ ကျော်ဖြတ်သွားနိုင်မှာပါ။ ခိုင်မာ တဲ့ ဆုံးဖြတ်ချက်ရှိရင် ဒီလိုဆုံးဖြတ်တာကပဲ မိမိရဲ့ မကောင်းတဲ့ အလေ့အကျင့်နဲ့ အပြုအမူတွေကို ကောင်းတဲ့ဘက်ကို ပုံစံဝင်သွားစေမှာပါ။ ဒါကြောင့် ဒီစိတ်ကပဲ မိမိအတွက် ကောင်းမှုမကောင်းမှုကို ရွေးချယ်ပေးနိုင်ပါတယ်။ ဒီလို အ၀လျော့ဖို့ ပြုပြင်ပြောင်းလဲနေတဲ့ အချိန်မှာ ၀တာကို အားပေးတဲ့ မိမိရဲ့ပျော့ညံ့တဲ့ မကောင်းတဲ့ စိတ်တွေကို မဖြစ်မနေ မလျှော့တဲ့ ဇွဲလုံ့လနဲ့ ပြောင်းရမှာ ဖြစ်တယ်။
အကျင့်စရိုက်ဟောင်းOld attitude
ကိုယ်အလေးချိန်တော့ လျော့ချင်တယ်၊ ဒါပေမဲ့ ဘယ်လိုပဲ ကြိုးစားကြိုးစား မအောင်မြင်မှာ စိုးရိမ်တယ်။
အကျင့်စရိုက်အသစ်
New attitude
ငါ ပိန်ချင်တယ်ဆိုရင် ငါ ပိန်ကိုပိန်ရမယ်။ ပိန်ချင်တဲ့စိတ် ရှိပေမယ့် မိမိကိုယ်မိမိ ယုံကြည်စိတ်နည်းပြီး ငါပိန်အောင်လုပ်မှလုပ်နိုင်ပါ့မလား ဆိုတဲ့စိတ်ဟာ ကိုယ့်ကိုယ်ကိုယ် သနား တတ်တဲ့ တလွဲဆံပင်ကောင်းတဲ့ စိတ်ထားဖြစ်ပါတယ်။ တကယ်တမ်း ကိုယ်က ပိန်ချင်တယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတဲ့ အတွေးအခေါ်တွေကို ဖြစ်နိုင်တဲ့ဘက်ကို ပြောင်းလိုက်ရပါမယ်။ ကိုယ့်အတွေးတွေကိုလည်း ပိန်တဲ့လူတစ်ယောက်လို တွေးပြီး ပိန်ကိုပိန်ရစေမယ် ဆိုတဲ့ ပုံစံမျိုးနဲ့ နေပါ။ စားတဲ့အခါမှာလည်း အာဟာရဖြစ်စေတဲ့ အစားအစာကိုသာ ရွေးစားပြီး မိမိခန္ဓာကိုယ်အတွက် ကျန်းမာဖို့ အလေးထားစားသောက်ပါ။ ဒီလို နေ့စဉ်ကောင်းမွန်ပြီး အာဟာရ ပြည့်ဝတဲ့ အစားအသောက်ကိုပဲ စွဲစွဲမြဲမြဲ စားသွားခဲ့ရင် တဖြည်းဖြည်း အကျင့်ဖြစ်သွား ပါလိမ့်မယ်။
အကျင့်စရိုက်ဟောင်း
Old attitude
ကိုယ်အလေးချိန် လျော့တယ်ဆိုတာ ကိုယ်ကြိုက်တဲ့ အစားအသောက်တွေ အားလုံးကို စွန့်လွှတ်လိုက်ရတာ ဖြစ်လို့ ဘ၀မှာ ဘာ အဓိပ္ပာယ်ရှိဦးမှာလဲ။
အကျင့်စရိုက်အသစ်
New attitude
ငါကြိုက်တဲ့ အစားအသောက်တွေကို လုံးဝမစားဘဲ ပစ်ပယ်တာ မဟုတ်ဘူး။ ဘယ်လောက်အတိုင်းအတာ စားမလဲ ဆိုတာသာ တွက်တတ်ဖို့ လိုတာပါ။ ကြိုက်တဲ့ အစားအသောက်တွေကို လုံးဝမစားဘဲ နေတာက အဖြေမဟုတ်ပါဘူး။ အဲဒီလို မစားဘူးလို့ စဉ်းစားထားလေလေ ပိုစားချင်လေလေ ဖြစ်ပြီး နောက်ဆုံး အများကြီး ပြန်စားဖြစ်သွားမှာ စိုးရပါတယ်။ ဒါကြောင့် မတည့်ပေမယ့် စားချင်တယ်ဆိုရင် အနည်းအကျဉ်း စားနိုင်ပါတယ်။ ဥပမာ – ချောကလက်လို အချိုစာကိုစားမယ်ဆိုရင် အများကြီး အတုံးလိုက်ကြီး စားမယ့်အစား လေးထောင့် ကွက် အသေးလေး နှစ်တုံးလောက်ကိုပဲဖဲ့ပြီး တဖြည်းဖြည်းချင်း မြုံ့စားတာမျိုးပါ။ ဖြစ်သင့်တာကတော့ ကိုယ့်မျက်စိရှေ့မှာ မရှိအောင် အိမ်မှာ ၀ယ်မထားဘဲ နေကြည့်ပါ။ မမြင်ရင် မစားဖြစ်ရင် တဖြည်းဖြည်းနဲ့ မေ့သွားပါလိမ့်မယ်။
အကျင့်စရိုက်ဟောင်း
Old attitude
အစားလျှော့စားဖို့ အချိန်မပေးနိုင်ဘူး။ အစားလျှော့တယ် ဆိုတာဟာ ကြိုးစားအားထုတ်မှုတွေ များပြီး ပင်ပန်းတယ်။
အကျင့်စရိုက်အသစ်
New attitude
အ၀လျော့ဖို့ ဦးစားပေးပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကိုပဲ စားမယ်။ နောက်ပြီး လေ့ကျင့်ခန်းကိုလည်း မှန်မှန်လေး လုပ်မယ်။ အချိန်မရှိဘူး၊ အချိန်မပေးနိုင်ဘူး ဆိုတာတွေက လူတွေ အလွယ်တကူ ပေးလေ့ရှိတဲ့ ဆင်ခြေတစ်ခုပါ။ ဒါပေမဲ့ ကိုယ်အလေးချိန်လျော့ဖို့ လုပ်တဲ့ နေရာမှာ အချိန်သီးသန့်ယူဖို့ မလိုပါဘူး။ ကိုယ့်ဆုံးဖြတ်ချက်ကိုသာ ဦးစားပေးရင် ကျန်းမာတဲ့ အစားအစာနဲ့ အဆာပြေစာတွေကို စားရုံပါပဲ။ ကိုယ်ဘယ်လို အစားအစာတွေ ၀ယ်မှာလဲ၊ ဘယ်လို ချက်ပြုတ် စားသောက်မှာလဲ ဆိုတာကသာ အရေးကြီးပါတယ်။
အကျင့်စရိုက်ဟောင်း
Old attitude
ငါ ကိုယ်အလေးချိန် ချနိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အားနည်းပြီး အဆာမခံနိုင်လို့ပါပဲ။
အကျင့်စရိုက်အသစ်
New attitude
ဆာလို့စားမယ် ဆိုရင်လည်း ကျန်းမာစေတဲ့ အစားအစာကိုသာစားမယ်။ စားချင်တဲ့စိတ်ကို အဆာပြေစေနိုင်မယ့် အစားအစာနဲ့ ကယ်လိုရီ အနည်းအများ ချင့်ချိန်တဲ့ အတိုင်းအတာတွေ ရှိပါတယ်။ ဆက်လက် ဖော်ပြမှာလည်း ဖြစ်ပါတယ်။ ဒါမှ ဆာလောင်မွတ်သိပ်နေတဲ့ စိတ်တွေ ပြေပျောက်ပြီး တင်းတိမ်မှု ရှိစေမှာ ဖြစ်တယ်။
အကျင့်စရိုက်ဟောင်း
Old attitude
မကြာခဏ ပွဲလမ်းသဘင်တွေ သွားနေရတဲ့အတွက် ကိုယ်အလေးချိန် လျှော့ချမယ်ဆိုတာ မဖြစ်နိုင်ဘူး။
အကျင့်စရိုက်အသစ်
New attitude
အစား လျှော့စားရတဲ့ ခဲရာခဲဆစ် နေ့ရက်တွေကို တွေးခေါ် မြော်မြင်မှုများနဲ့ ကျော်ဖြတ်မယ်။
တကယ်တော့ ပွဲလမ်းသဘင်တွေမှာ ဘယ်သူမှ ကိုယ့်ကို မစားမနေရဆိုပြီး မတိုက်တွန်းပါဘူး။ ကိုယ့်ဘာသာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကို ရွေးပြီး စားလို့ရပါတယ်။ ဒါကြောင့် ကိုယ်နဲ့ သင့်တော်မယ့် ကယ်လိုရီနည်းတဲ့ အစာကို ခပ်များများစားပြီး အချိုနဲ့ အဆီအအိမ့်တွေကိုတော့ နည်းနည်းပဲ စားနိုင်ပါတယ်။ ကိုယ်ကြိုက်ရာ ကိုယ်ယူစနစ်နဲ့ တည်ခင်းတဲ့ ဘူဖေးလိုမျိုးဆိုရင် ပိုပြီးတော့ ရွေးချယ်စရာတွေ များပါသေးတယ်။ ခင်းထားသလောက် အကုန်စားဖို့ မလိုသလို ထပ်ယူတာမျိုးလည်း မလုပ်ဘဲ သူများကစားပါဦး ထည့်ပါဦး ဆိုတိုင်းလည်း တော်ပါပြီ မယူတော့ပါဘူး ဆိုတာကိုတော့ ပြောတတ်ဖို့လိုပါတယ်။ ဗိုက်ပြည့်နေပြီ ဆိုရင်လည်း ဆက်မစားပါနဲ့တော့။
အကျင့်စရိုက်ဟောင်း
Old attitude
အစား လျှော့စားလိုက်၊ တော်ကြာ ပုံမှန်အတိုင်း ပြန်စားလိုက်နဲ့ ဖြစ်နေတော့ ထပ်လျှော့ဖို့ မစဉ်းစားချင်တော့ပါဘူး။ ထူးလည်း မထူးတော့ပါဘူး။
အကျင့်စရိုက်အသစ်
New attitude
ကျန်းမာစေတဲ့ အစာစားတဲ့ အကျင့်ကို တစ်သက်လုံး ထိန်းထားမယ်။
အစားအသောက် အများစုဟာ အကန့်အသတ်နဲ့သာ ခံနိုင်ရည်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သဘာဝဥတုတွေရဲ့ အပူအအေး အပြောင်း အလဲတွေကြောင့် တာရှည်မခံနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေကိုသာ ဘေးရန်ကင်းကင်းနဲ့ စားသင့်တာပါ။ နောက်ပြီး အမြန်ရတဲ့ အစားအစာတွေဟာလည်း ရေရှည်စားလို့ မသင့်ပါဘူး။

အကျင့်စရိုက်ဟောင်း
Old attitude
ကိုယ်အလေးချိန် လျှော့ချင်ပေမယ့် စိတ်စွမ်းအား မပြည့်တော့ ခံနိုင်ရည် ရှိပါ့မလားပဲ။
အကျင့်စရိုက်အသစ်
New attitude
ကိုယ်အလေးချိန် ချလိုတဲ့ အကြောင်းရင်းတွေကို ရေးထားပြီး အဆုံးတိုင် အောင်မြင်အောင်လုပ်မယ်။
ကိုယ်ဘာကြောင့် ပိန်ချင်တယ် ဆိုတဲ့အကြောင်း ရင်းတွေက ပိန်အောင် ကြိုးစားတဲ့ နေရာမှာ အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ စာရင်း ချရေးထားတဲ့ အတွက် တစ်ခုခုလုပ်မယ် ကြံရင် ပိုသတိထားပြီး ထိန်းသွားနိုင်မှာပါ။ ဖြစ်နိုင်ရင် ရေးထားတာတွေကို နေ့စဉ်ဖတ်ပြီး သတိရအောင် လုပ်နိုင်ပါတယ်။ ဒီလိုလုပ်ရင်းနဲ့ အလေ့အကျင့် ဖြစ်သွားပါလိမ့်မယ်။
အကျင့်စရိုက်ဟောင်း
Old attitude
ဘာမှမစားဘဲ နေလည်း ၀နေတော့ ပိန်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။
အကျင့်စရိုက်အသစ်
New attitude
အ၀လျှော့တဲ့ နေရာမှာ တခြားလူတွေထက် မိမိအတွက် ပိုခက်ခဲနေမယ် ဆိုရင်လည်း ကိုယ်အလေးချိန် ကျဖို့တော့ မလွဲမသွေလုပ်ရမှာပဲ။
အစားအသောက်ကို ချင့်ချိန်ပြီးစားမယ် ဆိုပေမယ့်လည်း အများစုကတော့ စားသင့်တာထက် ပိုစားနေကြတာပါပဲ။ သုတေသနပြုချက် အရ အမျိုးသမီးတွေဟာ ပုံမှန်ထက် ကယ်လိုရီ ၄၀၀ လောက် လျှော့ပြီးစားကြတယ်လို့ ဆိုပါတယ်။ အစာစားတဲ့နေရာမှာ ဘာကိုဘယ်လောက်ပဲ စားသင့်တယ် ဆိုတာကို ချင့်ချိန်တွက်ချက်ပြီး စားတာကောင်းပါတယ်။ ဥပမာ – ဒိန်ခဲ၊ ထောပတ်နဲ့ အချိုတည်းတဲ့ အစားအစာမျိုးကို အနည်းအကျဉ်းသာစားပြီး ကယ်လိုရီ နည်းတဲ့ အသီးအနှံနဲ့ အရွက်သုပ်မျိုးကို ပိုစားလိုက်တာမျိုးပါ။
No comments:
Post a Comment