နှစ်သစ်မှာ စိတ်အားထက်သန်စွာနဲ့ နေ့တိုင်း အားကစားခန်းမသွားပြီး တစ်နေ့တစ်နာရီ အချိန်ပေးကာ လေ့ကျင့်ခန်းလုပ်မယ်လို့ သတ်မှတ်လိုက်တယ် ဆိုပါတော့။
လေ့လာမှုတွေအရ အားကစားလေ့ကျင့်ခဲ့သူ လူဦးရေ ၉၁ ရာခိုင်နှုန်းဟာ ပထမဆုံး လေးပတ်လောက်ပဲ လေ့ကျင့်ခန်းလုပ်ပြီး နောက်ပိုင်းမှာ အဲဒီအလေ့အကျင့်ကို ထိန်းထား နိုင်တာမျိုး မရှိကြောင်း သိရပါတယ်။
Tips!
နှစ်သစ်မှာ ကိုယ်အလေးချိန်ကို ပုံမှန်အတိုင်းဖြစ်အောင် ထိန်းသိမ်းမယ်ဆိုတဲ့ သန္နိဋ္ဌာန်ကို ချမှတ်တတ်သူတွေ အများကြီးရှိပါတယ်။ ကျန်းမာသက်ရှည်ရေးအတွက် တကယ်ကို ထားသင့်တဲ့ ပန်းတိုင်ပါပဲ။ ဒါပေမယ့် ကိုယ်ချမှတ်ထားတဲ့ သန္နိဋ္ဌာန်အတိုင်းရအောင်တော့ မလုပ်ဆောင်နိုင်သူတွေများလှပါတယ်။ အဲဒီလို လူတွေအတွက် အကြံပေးလိုတာက တစ်နှစ်လုံးလုပ်နိုင်မယ့် ကိုယ်အလေးချိန် လျှော့ချရေး အစီအစဉ်ကို ရေးဆွဲဖို့ပါ။ နေ့တိုင်း လေ့ကျင့်ခန်း မလုပ်နိုင်ရင် တစ်ပတ်မှာ သုံးရက်ကိုတော့ အားကစားခန်းမသွားပြီး လေ့ကျင့်ခန်းလုပ်ပါ။ နေ့စဉ် အစားအသောက်စားတဲ့အခါ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစား အသောက်တွေကို ရွေးချယ်စားသောက်ပေးပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစား အသောက်တွေကို သိနိုင်အောင် ကျန်းမာရေးစာစောင်တွေကို ဖတ်ရှုလေ့လာပေးပါ။
(၂) အကျင့်ဆိုးတွေကင်းဖို့ ဦးတည်တယ်
ကိုယ့်ရဲ့ဘဝနေထိုင်မှုဆိုင်ရာ အရည်အသွေးကို ဖျက်ဆီးနေတဲ့ အမူအကျင့်တွေကို အကဲဖြတ်သုံးသပ်ပြီး ပြင်ဆင်နိုင်ဖို့ ဦးတည်ချက်ထားတာက နှစ်သစ်ကို မင်္ဂလာ ရှိစေပါတယ်။
ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ လောင်းကစားပြုလုပ်ခြင်း၊ အရက်ကို အလွန်အကျွံ သောက်ခြင်း၊ အပျော်အပါးလိုက်စားခြင်း၊ အချိန်ဖြုန်းနေတတ်ခြင်းစတဲ့အကျင့်ဆိုးတွေဟာ ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးကို ကျဆင်းစေတဲ့ အချက်တွေပါပဲ။
သင့်မှာ အကျင့်ဆိုးတော်တော်များများရှိနေလို့ အကုန်လုံးကိုမစွန့်လွှတ်နိုင်ဘူးဆိုရင်တောင် တစ်ခုလောက် စွန့်လွှတ်ဖို့ ကြိုးစားလိုက်ရုံနဲ့ နှစ်သစ်ဟာ သင့်အတွက် တော်တော်မင်္ဂလာ ရှိနေပါပြီ။
Tips!
ကိုယ့်ကိုကိုယ် မညာတမ်းဝေဖန်သုံးသပ်ပြီး ဖယ်ရှားပစ်သင့်တဲ့ အကျင့်ဆိုးတွေကို ဖယ်ရှားမယ်ဆိုတဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်ချမှတ်ပါ။
(၃) စိတ်ရှည်ရှည်ထားပါ
ဘယ်အရာမှတော့ ချက်ချင်းလက်ငင်း အကျိုးထူးရလာမှာ မဟုတ်ပါဘူး။ ကိုယ်အလေးချိန် လျှော့ချရေး အစီအစဉ်အတိုင်း လုပ်ဆောင်တာ တစ်ပတ်ရှိပြီ။ ကိုယ်အလေးချိန် မကျဘူး ဆိုပြီး ဆက်မလုပ်တော့တာမျိုး မဖြစ်ပါစေနဲ့။
သွေးဖိအားကျအောင် နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲလို့ ရက်အနည်းငယ်အတွင်း သွေးပေါင်မကျဘူး ဆိုပြီးလည်း နောက်ဆုတ်မသွားပါနဲ့။
Tips!
မှန်ကန်တဲ့နည်းလမ်းဟာ အချိန်ကြာတတ်ပေမယ့် အချိန်အတိုင်းအတာတစ်ခုကို ရောက်လာရင် ထိရောက်တဲ့ အကျိုးရလဒ်ကို ရရှိစေပါတယ်။ ဒါကြောင့် စိတ်ရှည်ရှည်ထားပါ။
(၄) သူတစ်ပါးအတွက် စဉ်းစားပါ
သင်ချမှတ်တဲ့ ပန်းတိုင်ဟာ သင့်အတွက်သာမက သင့်မိသားစု၊ ဘဝအဖော် စတဲ့ ဆွေမျိုးသားချင်းတွေ အတွက်ပါ အထောက်အပံ့ရတယ်ဆိုရင် ပိုကောင်းပါတယ်။
ဥပမာ သင့်ရဲ့ စီးကရက်သောက်တဲ့အကျင့်ကို ဖြတ်ဖို့ သန္နိဋ္ဌာန်ချမှတ်တာမျိုးပေါ့။ သင် စီးကရက်သောက်တာဟာ သင့်အတွက်ရော သင့်ပတ်ဝန်းကျင်အတွက်ပါ ထိခိုက်စေ ပါတယ်။ ဒါကြောင့် ဒီလိုမကောင်းတဲ့အကျင့်မျိုးကို ဖြတ်ဖို့ ဦးတည်ချက်ထားရှိတယ်ဆိုရင် ချမှတ်ထားတဲ့ သန္နိဋ္ဌာန်ယိုင်လဲမသွားဖို့ သင့်ပတ်ဝန်းကျင်ကို စာနာသနားတတ်တဲ့ စိတ်ကို ထားရှိပေးပါ။
Tips!
နှစ်သစ်မှာ လေ့ကျင့်ခန်းပြုလုပ်မယ်၊ ဆားနဲ့အငန်ဓာတ်ကို လျှော့စားမယ်၊ ကွမ်း၊ ဆေးလိပ် နဲ့အရက်ဖြတ်မယ်၊ အပျော်အပါး လျှော့မယ်၊ အချိန်ကို အလဟဿအကုန်မခံဘူး စတဲ့ သန္နိဋ္ဌာန်တွေကို ချမှတ်တာဟာ သင့်ရဲ့ ကျန်းမာရေး၊ ကိုယ်ရည်ကိုယ်သွေးနဲ့ ဘဝ တက်လမ်းတွေကိုပါ မြင့်မားတိုးတက်လာစေပါတယ်။
No comments:
Post a Comment