Apr 2, 2011

အစားအသောက်စားတိုင်း ပုံမှန်ထက် ပိုမစားဖြစ်စေမည့် နည်းလမ်းခုနှစ်သွယ်

၁။ ထမင်းထပ်ယူုဖို့ စဉ်းစားနေသလား ၁၀ မိနစ်စောင့်ပါ

ထမင်းတစ်ပန်းကန် စားပြီးချိန်မှာ နောက်ထပ် ထမင်း တစ်ပန်းကန် ထပ်ယူသင့်၊ မသင့် စဉ်းစားနေတယ်ဆိုရင် ခဏတော့ စောင့်ပါဦး။ အစာအိမ်ကနေ ဗိုက်ပြည့်ကြောင်း အချက်ပေး သင်္ကေတဟာ ဦးနှောက်ဆီရောက်နိုင်ဖို့ အချိန်အနည်းငယ် ကြာတတ်ပါတယ်။

ဒီအချိန်အတွင်း တခြားသူတွေနဲ့ စကားစမြည်ပြောခြင်း၊ ဟာသပြောခြင်း၊ သတင်းစာ ဖတ်ခြင်း၊ လမ်းလျှောက်ခြင်း စတဲ့ လှုပ်ရှားမှုတွေနဲ့ အာရုံလွှဲပြောင်းလိုက်ပါ။ ၁၀ မိနစ် ကြာလို့မှ တကယ်ဗိုက်ဆာနေသေးရင် အရွက်သုပ် ဒါမှမဟုတ် အသီးအနှံစား ပေးနိုင်ပါတယ်။

၂။ ညစာအဖြစ် ဟင်းရွက်သုပ်စားပါ

ဝနေလို့ ကိုယ်အလေးချိန်လျှော့ချချင်ရင် ညစာအဖြစ် ဟင်းရွက်သုပ်ကိုသာ စားပါ။

၃။ ပါကင်ဘူးထဲကို လက်နှိုက်ပြီး မစားပါနဲ့

မုန့်ပဲသရေစာတွေစားတဲ့အခါ မုန့်ပုံး၊ မုန့်ဘူး စတာတွေကို ကိုင်ပြီး တိုက်ရိုက် လက်နှိုက် ကာစားရင် လိုတာထက် ပိုစားဖြစ်စေ ပါတယ်။ ပါကင်ဘူးထဲက မုန့်နည်းနည်းကို ပန်းကန်ထဲထည့်ပြီး ထိုင်ကာစားသောက်ပါ။

၎။ များများစားရမှ ကျေနပ်သလား၊ ဒါကိုကျင့်သုံးပါ

များများစားရမှ ဗိုက်ဝတယ်လို့ ကိုယ့်ကိုကိုယ် ယူဆထားရင် ဟင်းရွက်သုပ်တစ်ပန်းကန် ဒါမှမဟုတ် သားငါး အသီးအရွက်ပြုတ် ဟင်းချိုပန်းကန်လုံးကြီးတစ်ခွက်သောက်ပါ။ ရေဓာတ်များပြီး အဆီနည်းတဲ့ ဒီအစားအစာ တွေဟာ ကယ်လိုရီ ပါဝင်မှုနည်းတဲ့အတွက် များများစားလည်း ပြဿနာ သိပ်မရှိပါဘူး။

၅။ အညွှန်းကို အရင်ဆုံးဖတ်ပါ

ပါကင်ပိတ် အစားအသောက်ဘူးတွေ မဝယ်ခင် အညွှန်းကို အရင်ဖတ်ပါ။ အညွှန်းမှာ ကယ်လိုရီပါဝင်မှုနဲ့ တခြားအာဟာရ တန်ဖိုးတွေကို ဖော်ပြထားပါတယ်။ ကယ်လိုရီ ပါဝင်မှုနည်းတာကိုသာ ဝယ်ပါ။

၆။ ပမာဏငယ်သော အဆင့်သင့်မုန့် စားပါ

အဆင်သင့်ရတဲ့ မုန့်တွေဝယ်တဲ့အခါ ကယ်လိုရီ ပမာဏများနေရင် အသေးငယ် ဆုံး အရွယ်အစားကို မှာစားပါ။ ဆိုလိုတာက လေးလက်မချောကလက် ကိတ်အစား ချောကလက် ကွတ်ကီးမုန့် ခပ်သေးသေး တစ်ချပ်စားပါ။

၇။ ပန်းကန်ပြောင်အောင် စားရမယ်လို့ တရားသေ မှတ်ယူမထားပါနဲ့

အိမ်မှာ ထမင်းနဲ့ ဟင်းလိုသလောက်ကိုသာ ပန်းကန်ထဲထည့်ပြီးစားတဲ့ အလေ့အကျင့် ကတော့ ကောင်းပါတယ်။ ဒါပေမယ့် စားသောက်ဆိုင်တွေမှာ စားတဲ့အခါ စားပွဲထိုး လာချတဲ့ အစားအသောက် ပန်းကန်ကို အကုန်ပြောင်စင်အောင် စားရမယ်ဆိုတာကတော့ မဟုတ်သေးပါဘူး။ အစကတည်းက ကိုယ့်အတွက် ပုံမှန် အတိုင်းအတာရှိလောက်တဲ့ ထမင်းပွဲ၊ ဟင်းပွဲတွေကိုသာ မှာပါ။ တချို့အစားအသောက် တွေကို ခန္ဓာကိုယ်ထဲမှာ အလွန်အကျွံထည့်သွင်းတာထက် နောက်တစ်နေ့စာ သိမ်းထား တာက ပိုကောင်းပါတယ်။

No comments:

Post a Comment