ယောကျာ်းနဲ့မိန်းမ အကြောင်းကို အင်တာနက်ပေါ်မှာ တော်တော်များများ ဖတ်မိပေမဲ့ မရေးဖြစ်တာ အတော်ကြာခဲ့ပြီ။ ယောက်ျားနဲ့မိန်းမ ဆိုတဲ့အတိုင်း မတူညီတဲ့ အမျိုးအစားနှစ်ခုမှာ မတူညီတဲ့ အမြင်တွေရှိတတ်တာကြောင့် ငြင်းဆန်မှုတွေ ဖြစ်မှာစိုးလို့ပါ။ ဘာပဲဖြစ်ဖြစ် ဒီတစ်ခါတော့ ပြုံးချင်စရာ ယောက်ျားနဲ့မိန်းမရဲ့ အမြင်တွေကို မျှဝေလိုက်ပါတယ်။
(၁)
ယောက်ျား ။။။။။ ချစ်သူဖြစ်တာလဲ ကြာပြီ။ ကိုယ်တို့ အတူနေကြရအောင် (living together)
မိန်းမ ။။။။။ ဟင့်အင်း.. အဲဒီလိုနေရင် မိဘတွေက ကျွန်မကို ခွင့်လွတ်မှာ မဟုတ်ဘူး။
ယောကျာ်း ။။။။။ ဒါဆို ကိုယ်တို့ လက်ထပ်ရအောင်
မိန်းမ ။။။။။ ကျွန်မကိုယ်ကျွန်မ ခွင့်လွတ်မှာ မဟုတ်ဘူး။
(၂)
မိန်းမ ။။။။။ ယောက်ျားလေးတစ်ယောက်မှာ လက်ထပ်ဖို့ ဘာတွေလိုသလဲ
ယောက်ျား ။။။။။ သတ္တိ.. မိန်းကလေးမှာရော ဘာတွေလိုသလဲ
မိန်းမ ။။။။။ ကုသိုလ်ကံ
(၃)
က မိန်းမ ။။။။။ မိန်းကလေးတွေက တာရှည်ခံတဲ့ အရာတွေကို တန်ဖိုးထား မြတ်နိုးတတ်တယ်လို့ ငါနိမိတ်ပြတော့ ချစ်သူက ငါ့ကို စိန်လက်စွပ် တစ်ကွင်းဝယ်ပေးတယ်။ နင်လဲ အဲလိုပြောကြည့်ပါလား..
ခ မိန်းမ ။။။။။ အဲဒီနည်း ငါ အစောကြီးကတည်းက သုံးပြီးပြီ။ သူက ငါ့ကို မပုပ်မသိုးဆေး တစ်ထုပ် ၀ယ်ပေးလိုက်တယ်။
ခ မိန်းမ ။။။။။ အဲဒီနည်း ငါ အစောကြီးကတည်းက သုံးပြီးပြီ။ သူက ငါ့ကို မပုပ်မသိုးဆေး တစ်ထုပ် ၀ယ်ပေးလိုက်တယ်။
(၄)
ယောက်ျား ။။။။။ ပစ္စည်းတွေ ဒီလောက်ဝယ်နေတာ လိုအပ်လို့ ၀ယ်တာလား.. လောဘတက်လို့ ၀ယ်တာလား...
မိန်းမ ။။။။။ လိုအပ်လို့ပေါ့ရှင်
ယောက်ျား ။။။။။ ဘာတွေလိုအပ်နေလို့လဲ
မိန်းမ ။။။။။ လောဘတက်ဖို့ လိုအပ်နေတာ
(၅)
(၅)
မိန်းမ ။။။။။ အောင်မြင်တဲ့ ယောက်ျားတစ်ယောက်ရဲ့ နောက်ကွယ်မှာ မိန်းမတစ်ယောက်ရှိလို့
ယောက်ျား ။။။။။ ဒီလိုဆိုရင် မအောင်မြင်တဲ့ ယောက်ျားတစ်ယောက်ရဲ့ နောက်ကွယ်မှာကော
မိန်းမ ။။။။။ မိန်းမတွေ အများကြီးရှိလို့
No comments:
Post a Comment