တစ်ခါက ဥရောပတိုက်ဘက်မှာ ဘုရင်တစ်ပါးရှိတယ်တဲ့. . . အဲဒီဘုရာဟာ သူ့ဥယာဉ်ထဲမှာ ရှိတဲ့ ပန်းပင်တွေ ၊ သစ်ပင်တွေနဲ့ စကားပြောလေ့ရှိတယ်. . . သူဟာ ဥယာဉ်ထဲရောက်တဲ့ အခါတိုင်း အပင်တွေကို အရမ်းပွင့် အရမ်းသီးခိုင်းလေ့ရှိတယ်..
တစ်နေ့မှာ သူဟာ ဥယာဉ်ကြီးထဲကို ရောက်သွားတော့ ၀က်သစ်ချပင်ကြီးဟာ ညှိုးပြီးခြောက်နေတယ်. . ဒီတော့ "ဘာဖြစ်တာလဲလို့ ဘုရင်ကြီးက မေးလိုက်တယ်. . . . ၀က်သစ်ချပင်ကြီးက "ဘယ်လိုဖြစ်ရမှာတုံး . . . ကျုပ်က ထင်းရှူးပင်ကို တုပြီး အပေါ်ကို တက်တော့ ထင်းရှူးပင်မဟုတ်လေတော့ အမြစ်အားက မခံနိုင်တော့ သေတာပေါ့ လို့ပြောတယ်. . . " ဒါနဲ့ ထင်းရှူးပင်ဆီကို သွားပြန်တော့. ထင်းရှူးပင်ကြီး ကကိုင်းပြီးကွေးကျနေတယ်. . . ဒီတော့ ထင်းရှူးပင်ကြီးက "ကျုပ်ကလည်း စပျစ်ပင်ကြီးကို အားကျ ပြီး အသီးတွေ အရမ်းသီးလိုက်တယ် . . . စပျစ်ပင် မဟုတ်လေတော့ မခံနိုင်တော့ဘဲ ခုလို အရမ်းကွေးသွားတာပေါ့လို့ . . . "ပြောတယ်. . .
အဲဒီတော့ ဘုရင်ကြီးက စပျစ်ပင်ဆီ ကိုရောက်ပြန်ရော. . စပျစ်ပင်ကြီးကလည်း သေမလိုဖြစ်နေတာကို တွေ့တော့ "ဘယ်လိုဖြစ်တာလဲဆိုတော့ . . ." "ကျုပ်က နှင်းဆီပင်ကို အားကျပြီး သူ့လိုလိုက်ပြီးပွင့်တာဗျို့. . . အဲဒီတော့ စပျစ်သီးလည်း မသီးတော့ဘူး ၊ နှင်းဆီပန်းလည်း မပွင့်တော့ဘဲ ခုလို သေလုမျောပါးဖြစ်သွားရတာပါပဲလို့ . . . . "ပြောတယ်..
အဲဒီမှာ ဘုရင်ကြီးက ဆက်လျှောက်သွားတော့ အပင်လေးတစ်ပင်ကိုတွေ့တယ်. . အပင်က သိပ်မကြီးပါဘူး အရွက်ကလေးတွေ ၊ အကိုင်းအခက်ကလေးတေါ လည်း စိုစိုပြေပြေနဲ့. . . အပွင့် က ရနံ့လေးတွေလည်း သင်းပျံ့လို့. . အဲဒီအပင်ရဲ့ အမည်က Heart-Ease နှလုံးအေးချမ်းပန်းလို့ခေါ်လေ့ရှိတဲ့ အပင်ကလေးပါ. . . ဘုရင်ကြိးဟာ အဲဒီအပင်လေးကို ကြည့်ပြီး "ငါ့ရဲ့ ဦးယာဉ်တစ်ခုလုံးမှာ ရှိတဲ့ အပင်တွေ သေတာတွေ သေကုန်ပြီ အချို့လည်း သေလုမျောပါး ဖြစ်နေပြီ . . .နှလုံးအေးချမ်းရယ် မင်းကတော့ ရှင်သန်စိုပြည်နေပါလား ဘာကြောင့်လဲ လို့မေးလိုက်တယ်. . . "
အဲဒီမှာ အပင်လေးက "အသင်မင်းကြီး ကျွန်ုပ်ကို ဒီဥယာဉ်ထဲမှာ စိုက်ကတည်းက နှလုံးအေးချမ်းကို နှလုံးအေးချမ်းလိုပဲ ဖြစ်စေချင်ပုံရပါတယ်. . . . ၀က်သစ်ချပင်လို မဖြစ်စေချင်ပါဘူး . . ဒါကြောင့် ၀က်သစ်ချပင်ကိုလည်း အားမကျခဲ့ပါဘူး. . . ထင်းရှူးပင် မြင့်မြင့် ကြီးကိုလည်း အားမကျခဲ့ပါဘူး. . အသီးတွေ ပြွတ်နေအောင် သီးတဲ့ စပျစ်ပင်ကို လည်း အားမကျခဲ့ပါဘူး. . . . အပွင့်ကြီးတွေ ဝေဆာနေတဲ့ နှင်းဆီပင်ကိုလည်း အားမကျခဲ့ပါဘူး. . . နှလုံးအေးချမ်းဟာ နှလုံးအေးချမ်းလိုပဲ ရှင်သန်ခဲ့တယ်. . . . ဒါကြောင့် နှလုံးအေးချမ်းအဖြစ် နဲ့ပဲ ရှင်သန်ရပ်တည်နေနိုင်တာပေါ့ လို့. . . . " ပြောလိုက်ပါတယ်..
ဒါကြောင့်လောကကြီးမှာ ဖြစ်ချင်တာတွေများနေမယ်ဆိုရင် အပေါ်က ပုံပြင်လေးလိုပဲ ဟိုမရောက်ဒီမရောက်နဲ့ လမ်းခုလတ်မှာတင် ကိုယ်လိုရာပန်းတိုင်ကို အရောက်မလှမ်းနိုင်ပဲ. . . . လှေလှော်ရင်း လှော်တက်ကျိုးမှာ ဖြစ်ပါတယ်. . . မိမိလုပ်ချင်တဲ့အရာ၊ မိမိဖြစ်ချင်တဲ့အရာတွေကို တစ်စိုက်မတ်မတ်နဲ့. . . လုပ်သွားမယ်ဆိုရင် ကိုယ့်ရဲ့ ရည်မှန်းချက်တွေပြည့်ဝမှာ ဖြစ်ပါတယ်...
အားလုံးကိုချစ်ခင်လေးစားလျှက်..
No comments:
Post a Comment