Mar 20, 2011

အိတ်ဝယ်ရာမှာ ...

အိတ်ဆိုတာဟာ ... အမျိုးသမီးတွေအတွက် ပစ္စည်းထည့်ရုံတင်မဟုတ်ဘဲ ဖက်ရှင် အဆင်တန်ဆာ တစ်ခုလည်း ဖြစ်ပါတယ်။ အိတ်တစ်လုံး ဝယ်တော့မယ်ဆိုရင် စဉ်းစားရမယ့်အချက်တွေ တော်တော်များ ပါတယ်။ ကိုယ့်စတိုင်၊ ကိုယ်ခန္ဓာကိုယ်နဲ့ လိုက်ဖက်တဲ့အိတ်၊ အသုံးဝင်မယ့် အိတ်တွေကို ရွေးချယ်ဖို့ လိုပါတယ်။

   အိတ်တစ်အိတ်ကို ကြိုက်ပြီး ဝယ်ချင်စိတ်ပေါက် သွားဖို့ လွယ်ပါတယ်။ ဒါပေမယ့် သင့်အနေနဲ့  တကယ်လို၊ မလို စဉ်းစားတတ်ရပါမယ်။ မဟုတ်ပါက ဝယ်ထားပြီး မသုံးဖြစ်ကာ ပိုက်ဆံကုန်ရုံပဲ အဖတ်တင်ပါလိမ့်မယ်။ နောက်တစ်ခါ အိတ်ဝယ်တော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အောက်ပါမေးခွန်းတွေ မေးကြည့်ပါ။
- ဒီအိတ်ကို ငါတကယ်လိုအပ်ရဲ့လား။
- အဆင်တန်ဆာတစ်ခုလို သုံးမှာလား။ တကယ်သုံးမှာလား။
- ငါ့အိမ်မှာရှိတဲ့ အဝတ်အစားတွေနဲ့ တွဲသုံးလို့ကော အဆင်ပြေပါ့မလား။
- ပေးရတာနဲ့ တန်ရဲ့လား
အဝတ်အစား မရွေးတဲ့ အိတ်အရောင်တွေကတော့ အနက်၊ အဖြူ၊ အညို၊ နို့နှစ်ရောင်တွေပါပဲ။ ဒါကြောင့် အိတ်ဆန်းဆန်းလေး ဝယ်ချင်ရင် ထိုအရောင်တွေထဲကမှ ဒီဇီုင်းဆန်းဆန်းလေးတွေ ရွေးဝယ်သင့်ပါတယ်။
အိတ်ကို ပွဲနေပွဲထိုင်သွားဖို့ အလှကိုင်မယ်ဆိုရင် -
- အိတ်သေးသေးရွေးဝယ်ပါ။ ဒါမှ သင့်အဝတ်အစားကို လွှမ်းမိုးမသွားမှာပါ။
- ပုံမှန်ဒီဇိုင်းကနေ ခွဲထွက်နေတဲ့ ဒီဇိုင်ဆန်းဆန်းရွေးပါ။ ဒါမှ ခေတ်မီပြီး စတိုင်ကျမှာပါ။
ဒါမှမဟုတ် ရုံးသွား၊ ကျောင်းသွား နေ့တိုင်းသုံးဖို့ဆိုရင်
- ပစ္စည်းများများဆံ့မယ့် အိတ်ကြီးကြီးကိုင်ပါ။
- ပေါ့ပါးပြီး ကိုင်ရ၊ လွယ်ရ အဆင်ပြေတာရွေးပါ။
- ရိုးရိုးလေးနဲ့ လှတဲ့အိတ်ရွေးပါ။ အရောင်ကလည်း အဝတ်အစား မရွေးတဲ့ အရောင်ဝယ်ပါ။
- ပိုက်ဆံတတ်နိုင်ပါက နေ့စဉ်သုံးဖို့ အမျိုးအစားကောင်းတဲ့  Brand အိတ်တစ်လုံး ဝယ်ထားသင့်ပါတယ်။

No comments:

Post a Comment