Mar 25, 2011

မိန်းမသားတွေရဲ့ စိတ်နေသဘောထား (၁)

"မိတ်ဆုံစားပွဲ ရှိပြန်ပြီလား? ဒီနေ့ ပန်းခြံလိုက်ပို့မယ်လို့ အရင်တစ်ပတ်က ဂတိပေးထားတယ်လေ။ ခင့်ကို မောင်နည်းနည်းမှ အလေးမထားခဲ့ပါလား?"

" မောင့်ကို ခင်ပြောနေတယ်လေ.. မောင်နားရော ထောင်နေရဲ့လား? NBA ကြည့်နေလို့ မအားဘူး ဟုတ်လား? ဒီလိုဆိုလဲ ဘတ်စကက်ဘောနဲ့ပဲ ချိန်းနေခဲ့တော့! "

ဒီလိုစကားမျိုးက မိန်းကလေးတွေ ဖုန်းဆက်ရင် ကြားတတ်ကြရတဲ့ စကားတွေဖြစ်တယ်။

ယောက်ျားတွေကလည်း ယောက်ျားတွေပါပဲ။ ချစ်သူဖြစ်စနဲ့ ဖြစ်ပြီးသက်တမ်းကြာတဲ့ စိတ်တွေက ကွဲပြားကြတယ်။ ချစ်စအချိန်မှာတော့ "ခင်က မောင့်ရဲ့လေထုလေးပါ။ မောင့်ဘဝမှာ ခင်မရှိလို့ မဖြစ်ဘူး။ ခင့်ကိုမောင် အချိန်နဲ့အမျှ အကာအကွယ်ပေး ချစ်သွားမယ်နော်" လို့ ပြောတတ်ကြသလို တာဝန်ကျေတဲ့ ဒါရိုက်ဘာတစ်ဦးလို "ခင် ဘယ်သွားချင်သလဲပြော... ခင့်အတွက်ဆို မောင်က လိုက်ပို့ဖို့ အဆင်သင့်ပဲ" ဆိုပြီး ရာခိုင်နှုန်းအပြည့် တာဝန်ကျေပစ်လိုက်တယ်။

ချစ်သူသက်တမ်းလေး နည်းနည်းကြာလာတော့ မှတ်ဥာဏ်တွေက လျော့ပါး နှေးကွေးလာကြတယ်။ စိတ်မရှည်ဟန်နဲ့ "မောင် လုပ်စရာတွေ များနေတယ် လိုက်မပို့နိုင်ဘူး။ ကိုယ့်အားကိုယ်ကိုးပြီး နည်းနည်း ရင့်ကျက်ကြည့်စမ်းပါ" လို့ ဆိုတတ်သလို ဆရာဟန်ပန်နဲ့ "ကိုယ့်အားကိုယ်ကိုးခိုင်းတာ ခင့်အတွက်ပြောနေတာ" ဆိုပြီး ရာခိုင်နှုန်းအပြည့် ဆုံးမတတ်တယ်။

အချစ်အတွက်ဆိုရင် မိန်းကလေးတွေက ပေးဆပ်၊ အနစ်နာခံရမှာကို မကြောက်တတ်ကြဘူး။ ဒါပေမယ့် ကာလကြာလာတာနဲ့ ပေးဆပ်ခဲ့တာကို အသိအမှတ်ပြု မခံရမှာကိုတော့ ကြောက်တတ်ကြတယ်။ မိန်းကလေးတွေ စိတ်ပျက်၊ အားငယ်နေတဲ့အချိန် အခက်အခဲနဲ့ ကြုံနေရတဲ့အခါ တစ်ကိုယ်ကောင်းဆန်ပြီး ယောက်ျားပီသစွာနဲ့ နောက်တစ်ယောက်ပြောင်းပြီး အသစ်မရှာ လိုက်ကြပါနဲ့။

တစ်ခါတလေမှာ စကားအခွန်းတစ်ထောင်ထက် နွေးထွေးတဲ့ ပွေ့ဖက်မှုလေးတစ်ခုက မိန်းကလေးတွေရဲ့ စိတ်ကို ကြည်နူးမှုတွေ အကြာကြီး ပေးနိုင်ပါတယ်။ ဂရုစိုက်စကားလေး တစ်ခွန်း၊ နွေးထွေးတဲ့ ပွေ့ဖက်မှုလေးတစ်ခု... မိန်းကလေးတွေ လိုချင်တဲ့အရာက ဒီလောက်ပဲ ရိုးရှင်းလွယ်ကူခဲ့ပါတယ်။

No comments:

Post a Comment