Mar 5, 2011

ကောင်းကောင်း ဓါတ်ပုံလေးများ


မို့မို့ရေ ကောင်းကောင်းက တော်တော်လေးကို ဆိုးနေပြီး လုံးဝကို အငြိမ်မနေတော့ဘူး။ သူမကြိုက်ဘူးဆိုရင် အရမ်းကို အော်တာပဲ။ နောက်ပိုင်းလမ်းလျှောက်တတ်ရင် ငါတော့ အတော်ကို ပင်ပန်းတော့မှာပဲ အခုလဲ ပင်ပန်းတာပါပဲ ကောင်းကောင်းက လက်ကြိုက်နေပြီ တစ်နေကုန်ပွေ့နေရတာ ထမင်းကျွေးရင်လည်း ပွေ့ပြီးကျွေးရတယ် သူကို ထိုင်ခိုင်းရင် ကိုယ်ကိုတောင့်ထားတယ်။  နေ့လည်ဆိုရင် လည်း မအိပ်ဘူး အိပ်ရင်တောင် ခဏပဲ အိပ်တယ် ညကျရင် နှစ်နှစ်ချိုက်ချိုက် အိပ်လို့တော်သေးတယ်။
မနက်ကျရင်လည်း သူက စောစောထတယ်။ သူနိုးရင် သူ့ဘာသာသူဆော့နေတာ။ တစ်ခါတစ်လေကျရင် ငါ့ကို နှိုးနေတယ် ခုပုံလေးတွေက သားသား (၇)လလောက်က ရိုက်ထားတာ။ အင်္ကျီ အစိမ်းလေးနဲ့ဟာ အခုလောလော ဆယ်ပုံတွေဘဲလေ။ သားက အမြဲတမ်းမျက်နှာက ပြုံးလိုနေတာ။ သူက tissue တော်တော်ကြိုက်တာ tissue မြင်ရင် ၀ါးစားနေတာ ၀ယ်ပေးထားတဲ့ အရုပ်တွေထက်ကို ငါ့ရဲ့ သနက်ခါးကျောက်ပြင် ရယ် ရေဘူးရယ်ကို သဘောကျတယ်။ ဂျာနယ်စာအုပ်ကိုလဲ စုတ်ဖြဲပြီးတော့ ၀ါးစားနေတာ အခုနောက်ပိုင်းကတော့ အိပ်နေတဲ့ အချိန်ပဲ ချစ်ဖို့ကောင်းတော့တယ်။


No comments:

Post a Comment