လက်ဖ၀ါးတွေကြမ်းနေရင်
လိုအပ်တာ
- ငှက်ပျောသီး မှည့်မှည့်တစ်လုံး
- ထောပတ်သီး လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဘယ်လိုလုပ်မလဲ
ငှက်ပျောသီး အခွံခွာပြီးထောပတ်နဲ့ ရောချေပါ။ ပြီးရင် ကြမ်းနေတဲ့ လက်ဖ၀ါးကို ပွတ်လိမ်းပါ။ ၁၀ မိနစ်လောက်လိမ်းထားပြီး ရေနွေးနွေးနဲ့ ဆေးပါ။
ဘာတွေဖြစ်စေသလဲ
ငှက်ပျောသီးနဲ့ ထောပတ်ထဲက ဗီတာမင်နဲ့ သတ္တုဓါတ်တွေက လက်ဖ၀ါးရဲ့ ကြမ်းနေမှုကို လျော့ပါးပျောက်ကင်းစေတယ်။
ငှက်ပျောသီး + ထောပတ်
ဒီအရောနှောကို လိမ်းဖန်များရင် လက်မှာလက်အိတ်စွပ်ထားသလို အသားတက်လာပြီး အဆီပြန်ကာ ရေဓါတ် ဆုံးရှုံးမှုကို ကာကွယ်ပေးပါတယ်။
ခြေဖ၀ါး ခြောက်တာကွဲတာ
လိုအပ်တာ
- စတော်ဘယ်ရီသီး ၈ လုံးကို သာသာချေထားမယ်။
- ဆား ၃ ဇွန်း၊
- သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဘယ်လိုလုပ်မလဲ
- စတော်ဘယ်ရီ၊ ဆားနဲ့  သံလွင်ဆီတွေကို ခွက်တစ်ခုမှာ ရောထည့်ပါ။ မွှေပါ။ ပြီးရင် အဲဒီအရောနဲ့ ခြေထောက်ကို လိမ်းပြီး နှိပ်နှယ်ပေးပါ။ ပြီးရင် ရေဆေးပြီး ခြောက်သွေ့ အောင်သုတ်ပေးရပါမယ်။
ဘာတွေဖြစ်စေသလဲ
လတ်ဆတ်တဲ့ သစ်သီးနဲ့ ချောမွတ်တဲ့ဆီ အရောအနှောက နုပျိုအားကောင်းတဲ့ ဆဲလ်တွေဖြစ်ပေါ်စေတယ်။
စတော်ဘယ်ရီခြေလိမ်းဆီ
ဗီတာမင်တွေ ကြွယ်ဝလှတဲ့ ဒီအရောဆီက နူးညံ့မှုကို အာပေးတယ်။ လိမ်းဖန်မျာရင် သင့်ခြေထောက်ကို လှည့်ကြည့်စရာ မလိုအောင် လှနေလိမ့်မယ်။
အရေပြားခြောက်သွေ့ တဲ့အခါ
လိုအပ်တာ
- ထောပတ်သီး ၁ လုံး
- ဒိန်ချဉ်သက်သက် ၂ ဇွန်း
- လီမွန်အရည် ၁ ဇွန်းခွဲ
- ပျားရည် ၁ ဇွန်း။
ဘယ်လိုလုပ်မလဲ
- အားလုံးကြေညက်အောင် ရောမွှေပါ။
- မိနစ်၃၀လောက် နှပ်ထားပါ။
- ခြောက်သွေ့ တဲ့ မျက်နှာအရေပြားပေါ်မှာ ၁၀ မိနစ်လောက် လိမ်းထားပါ။ ပြီးရင် ရေအေးနဲ့  ဆေးပါ။ ပ၀ါသန့့် သန့် နဲ့ သုတ်ပါ။
ဘာတွေဖြစ်စေသလဲ
ပရိုတင်းဓါတ် ကြွယ်ဝပြီး ဖက်တီးအက်ဆစ် ပါဝင်နှုန်းမြင့်တဲ့ ထောပတတ်သီးက အရေပြားကို ရေဓါတ်ထိန်းပေးလိမ့်မယ်။ လူကို နုပျိုစေတယ်။ အရေပြားမှာ တဖြည်းဖြည်း အစိုဓါတ် ရလာစေမယ်။
ထောပတ်သီး + ဒိန်ချဉ်
ရေဓါတ်နည်းသူ၊ အသားအရေခြောက်သွေ့ သူတွေအတွက် အထူးသင့်လျော်တဲ့ ပစ္စည်းပါ။
ဆံပင်သားကြမ်းသူ၊ ဆံပင်မသန်သူ
လိုအပ်တာ
-ငှက်ပျောသီး ၁ လုံး၊
-မရိုးနစ် ၃ ဇွန်း၊
-သံလွင်ဆီ ၁ ဇွန်းခွဲ၊
ဘယ်လိုလုပ်မလဲ
ငှက်ပျောသီးကို ကျေအောင်ချေပါ။ မရိုးနစ်နဲ့သံလွင်ဆီကိုထည့်ပြီး ခရင်မ်ဖြစ်အောင် မွှေပေးပါ။
ရရင် ဆံပင်မှာ လိမ်းထားပြီးခဏအ၀တ်နဲ့ပတ်ထားပါ။ နာရီဝက်လောက်ကြာရင် ခေါင်းကို ခေါင်းလျှော်ရည်နဲ့လျှော်ပါ။
ဘာတွေဖြစ်စေသလဲ
ဒီပစ္စည်းထဲမှာပါတဲ့ ဗီတာမင် A နှင့် ပိုတက်စီယမ်ဓါတ်က ဆံပင်အတွက် အံ့သြလောက်အောင်စွမ်းတာ တွေ့ရပါမယ်..။
ငှက်ပျောသီးအဖုံးအကာ
ဆံပင်အတွက်ကတော့ ဒီပစ္စည်းက တောက်ပစေတာရော အားကောင်းစေတာရော အသေအချပါ။
လက်သည်းဝါတာပျောက်ဖို့
လိုအပ်တာ
- သံလွင်ဆီ ၅ ကျပ်သားခန့်၊
- လီမွန်ရည် ၅ ကျပ်သားခန့်၊
ဘယ်လိုလုပ်မလဲ
လက်သည်းကို ဆီခွက်ထဲမှာ ခဏစိမ်ထားပါ။ ပြီးရင် လက်သည်းကို တံစည်းနဲ့ ပုံဖော်ပါ။ လီမွန်ရည်ကို လက်သည်းက သံလွင်ဆီပြောင်အောင်ဆေးချဖို့ သုံးပါ။
လက်သည်းဖြူနည်း
- သံလွင်ဆီက ၀ါညစ်နေတာတွေ ပျောက်စေတယ်။
- လီမွန်ရည်က လက်သည်းကို အရောင်တောက်စေပါတယ်။
ဘာတွေဖြစ်စေသလဲ
- သံလွင်ဆီနဲ့ လီမွန်ရည်အတွဲက လက်သည်းကိုအဖြေအထိ သန့်စင်ဖြူဖွေးသွားစေပါတယ်။
No comments:
Post a Comment